အူရီဒူးမြန်မာက ကိုယ့်စတိုင်လ်နဲ့ ထပ်တူ‌ “ပျော်ပျော်ယူ” အစီအစဉ်ကို မိတ်ဆက်

Ooredoo-Pyaw-Pyaw-Yu.jpg

အူရီဒူးက ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိတ်ဆွေများ၊ မိသားစုများနှင့် အမြဲ အဆက်အသွယ်ရှိရန်နှင့် အကောင်းဆုံးဆက်သွယ် လုပ်ကိုင်နေထိုင်နိုင်ရန်အတွက် ဆက်သွယ်ရေးက အရေးကြီးသည့် ကဏ္ဍမှ ရပ်တည်နေကြောင်း နားလည်ထားပါတယ်။ ဒါ့ကြောင့် မိမိအသုံးပြုတဲ့ ပုံစံစရိုက်နှင့် ထပ်တူကျမည့် “ပျော်ပျော်ယူ” အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

အူရီဒူးရဲ့“ပျော်ပျော်ယူ” အစီအစဉ်က သူတို့ရဲ့ဝန်ဆောင်မှုကိုအသုံးပြုသူ တစ်ဦးချင်းစီရဲ့လိုအပ်ချက်နှင့် ကိုက်ညီမည့် သီးသန့်အထူးအစီအစဉ်များကို ဖန်တီးပေးထားပြီး ဝန်ဆောင်မှုပေးထားခြင်း ဖြစ်ပါတယ်။ ပျော်ပျော်ယူ အစီအစဉ်ကနေပြီး သုံးစွဲသူများအတွက် သီးသန့်အထူးအစီအစဉ်များအဖြစ် အကောင်းဆုံး ဒေတာအစီအစဉ်၊ ဖုန်းခေါ်ဆိုမှုအစီအစဉ်နှင့် ဒေတာနှင့်ဖုန်းခေါ်ဆိုမှု ပေါင်းစပ်ထားသော Combo အစီအစဉ်များကို ရယူနိုင်မှာဖြစ်ပါတယ်။

အူရီဒူးရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတစ်ဦးချင်းစီအတွက် လိုအပ်ချက်နှင့်ကိုက်ညီသည့် ဈေးနှုန်းချိုသာတဲ့ သီးသန့်အထူးအစီအစဉ်များကို ပေးအပ်ထားတဲ့ “ပျော်ပျော်ယူ” အစီအစဉ်က ဒေတာအစီအစဉ်ကို ရယူလိုပါက *၁၄၀# သို့ ဖုန်းခေါ်ဆိုရယူနိုင်ပြီး ဖုန်းခေါ်ဆိုမှုအစီအစဉ်ကို ရယူလိုပါက *၁၅၀# သို့ ဖုန်းခေါ်ဆိုရယူနိုင်ပါတယ်။

“ပျော်ပျော်ယူ”အစီအစဉ်နှင့်အတူ အူရီဒူးအသုံးပြုသူများအနေဖြင့်လည်း My Ooredoo App တွင် ဝန်ဆောင်မှုပေးထားသော ဒစ်ဂျစ်တယ်အပန်းဖြေမှုအစီအစဉ်များဖြင့် အပန်းဖြေနိုင်သည့်အပြင် လေ့လာသင်ယူမှုအစီအစဉ်များကိုလည်း ပြုလုပ်နိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top