Tom and Jerry နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပြပွဲကို ဂျပန်နိုင်ငံမှာကျင်းပ

mainvisual_bnr02.jpg

ကမ္ဘာ့သက်တမ်းအရင့်ဆုံးနဲ့ လူကြိုက်အများဆုံးကာတွန်းကို ညွှန်းပါဆိုရင် ကြောင်နဲ့ ကြွက် (Tom and Jerry) ကို လူတိုင်းနီးပါး ထောက်ခံကြမှာပါ။ ဝီလျံ ဟာနာ ( William Hanna) နဲ့ ဂျိုးဇက်ပ် ဘာဘီရာ (Joseph Barbera) ဆိုတဲ့ ပါရမီရှင် ကာတွန်းဖန်တီးရေးဆွဲသူနှစ်ဦးရဲ့ လက်ရာမြောက် ကာတွန်းဇာတ်ကောင်တွေလို့လည်း ပြောလို့ ရပါတယ်။ ၁၉၄၀ ခုနှစ်မှာ စတင်ပြသခဲ့ချိန်ကစလို့ အောင်မြင်မှု တဟုန်ထိုး ရခဲ့ပြီး အကယ်ဒမီ ခုနှစ်ဆု ဆွတ်ခူးနိုင်တဲ့အထိ ရလဒ်ကောင်းခဲ့တာ ဖြစ်ပါတယ်။

၁၉၄၀ ခုနှစ်မှာ စတင်ပြသခဲ့ချိန်ကစလို့ အောင်မြင်မှု တဟုန်ထိုးရခဲ့ပြီး အကယ်ဒမီ ခုနှစ်ဆု ဆွတ်ခူးနိုင်တဲ့အထိ ရလဒ်ကောင်းခဲ့တာ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာဆိုလည်း ဒီနေ့မျိုးဆက်သစ်တွေထိ ကြောင်နဲ့ ကြွက်က ရေပန်းစားတုန်း ဖြစ်ပါတယ်။ ဒီလိုမျိုး သက်တမ်းရှည်ကြာထိ အောင်မြင်ခဲ့တဲ့ဒီကာတွန်းဇာတ်လမ်းက လာမယ့်၂၀၂၀ မှာ နှစ် (၈၀) ပြည့်ပြီ ဖြစ်ပါတယ်။ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အနေနဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး ကြောင်နဲ့ ကြွက်ပြပွဲကို ကျင်းပပေးသွားမှာပါ။

Anime ကောင်းတွေ ဖန်တီးထုတ်လုပ်နေတဲ့ ဂျပန်နိုင်ငံကနေ Tom and Jerry အထိမ်းအမှတ်ပြပွဲကို ကျင်းပပေးတာဟာ တကယ်ကိုအားရစရာဖြစ်ပါတယ်။ ပြပွဲတည်နေရာကတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း department store တွေထဲကတစ်ခုဖြစ်တဲ့ မက်စူရ ဂင်ဇာ (Matsuya Ginza) မှာ ဖြစ်ပြီး ဧပြီ (၁၇) ရက်နေ့ကနေ မေလ (၆) ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ အထူးဖန်တီးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းပေါင်း (၂၅၀) နီးပါး ခင်းကျင်းပြသမှာဖြစ်သလို ပြပွဲဖန်တီးသူတွေရဲ့ ကနဦး စိတ်ကူးတွေနဲ့ ဇာတ်လမ်းတွဲဖြစ်မြောက်လာဖို့ ထည့်သွင်းစဉ်းစားခဲ့တဲ့စာရွက်စာတမ်းနဲ့ ပစ္စည်းတွေကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

ပြပွဲတည်နေရာကတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း department store တွေထဲကတစ်ခုဖြစ်တဲ့ မက်စူရ ဂင်ဇာ (Matsuya Ginza) မှာ ဖြစ်ပြီး ဧပြီ (၁၇) ရက်နေ့ကနေ မေလ (၆) ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်

ပြပွဲအတွက်ရုပ်ပုံတွေနဲ့ Logo ကိုတော့ ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံးစာအုပ်ဒီဇိုင်နာဖြစ်တဲ့ ရှင်းဆော့ဘူး ( Shin Sobue) က ရေးဆွဲပေးမှာ ဖြစ်ပါတယ်။ ပြပွဲအတွက် ဝင်ကြေးကတော့ ပြည်သူတစ်ဦးကို ယန်း (၁၃၀၀)၊ အထက်တန်း ကျောင်းသား/သူ တစ်ဦးကို ယန်း (၇၀၀)၊ အလယ်တန်းကျောင်းသား/သူတစ်ဦးကို ယန်း (၅၀၀) နဲ့ မူလတန်းတွေအတွက် ယန်း (၃၀၀) ကောက်ခံမှာ ဖြစ်ပါတယ်။

အထူးဖန်တီးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းပေါင်း (၂၅၀) နီးပါး ခင်းကျင်းပြသမှာဖြစ်

ဒီကာတွန်းဇာတ်လမ်းက လာမယ့်၂၀၂၀ မှာ နှစ် (၈၀) ပြည့်ပြီ ဖြစ်ပါတယ်

လက်မှတ်ကြိုတင်ဝယ်ယူမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ဈေးထက် လျော့နည်းပြီးကျသင့်မှာပါ။ လက်မှတ်တွေကိုတော့ ဧပြီလ (၁၆) ရက်နေ့ကနေ စတင်ရောင်းချပေးနေတာဖြစ်လို့ ဂျပန်ရောက် မြန်မာပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအတွက်လည်း ပြပွဲက ကြောင်နဲ့ကြွက် ဇာတ်ကောင်ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်သလို ဒီကာတွန်းဇာတ်လမ်းနဲ့ ပတ်သက်တဲ့အမှတ်တရတွေရှိရင်လည်း ဝေမျှပေးခဲ့ပါဦးနော်။

Ref: moshimoshinippon “The world’s first Tom and Jerry exhibition opens at Matsuya Ginza!”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top