DAZN ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ပြီး ကြိုးဝိုင်းထဲ ပြန်လာဖို့ နီးစပ်နေတဲ့ ကာဇက်စတန်အလဲထိုးဘုရင် ဂိုလော့ကင်

ss3.jpg

”ကာဇက်စတန်နိုင်ငံသား အလဲထိုးဘုရင်”လို့ နာမည်ကျော်ကြားတဲ့ ဂိုလော့ကင်ဟာ DAZN ရုပ်သံလိုင်းနဲ့အတူ ပွဲအများအပြား ပါဝင်တဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့အတွက် ဆာအူကာနယ်လိုအယ်ဗာရက်ဇ်နဲ့ တတိယပွဲစဉ် ထိုးသတ်မယ့် အလားအလာရှိနေပါတယ်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဂိုလော့ကင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုကို ရှုံးနိမ့်ခဲ့ပြီး WBC ၊ WBA ရွှေခါးပတ်တွေ ဆုံးရှုံးခဲ့ပြီးကတည်းက လက်ဝှေ့ကြိုးဝိုင်းနဲ့ ကင်းကွာခဲ့သူပါ။ အသက် (၃၆) နှစ်အရွယ်ရှိတဲ့ ဂိုလော့ကင်ဟာ HBO ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ဆိုမှု အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း ပင်မရုပ်သံလိုင်း လက်မဲ့ဖြစ်နေတပါတယ်။ Showtime နဲ့ ESPN က သူ့ကို စာချုပ်ချုပ်ဆိုဖို့ စိတ်ဝင်စားခဲ့ပေမဲ့ အခုအခါမှာတော့ DAZN ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။

ပြီးခဲ့တဲ့အောက်တိုဘာလမှာ DAZN ရုပ်သံလိုင်းက ကာနယ်လိုကို လက်ဝှေ့ပွဲ (၁၀) ပွဲစာအတွက် အမေရိကန်ဒေါ်လာ သန်း (၃၅၀) တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အခုအခါမှာ ဂိုလော့ကင်က လက်ဝှေ့ပွဲ (၃) ပွဲကနေ (၆) ပွဲအထိ ပါဝင်တဲ့စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။ ဂိုလော့ကင်ဟာ အစောဆုံးအနေဖြင့် နွေဦးကာလနှောင်းပိုင်း ဒါမှမဟုတ် နွေရာသီ အစောပိုင်းမှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ရှိပြီး ပထမဆုံးပွဲစဉ်ကနေ ပေါင် (၇.၆၅) သန်းနီးပါးရဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top