အေစီမီလန်အသင်းခေါင်းဆောင်ကို ပေါင် (၆၅) သန်းနဲ့ ခေါ်ယူမယ့် မန်ယူ

ss4.jpg

အေစီမီလန်နောက်ခံလူ ရိုမက်နိုလီကို ခေါ်ယူဖို့ မန်ယူနဲ့ ဂျူဗင်တပ်အသင်း အပြိုင်ကြိုးပမ်းနေတယ်လို့ အီတလီမီဒီယာက ဖော်ပြပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိတဲ့ ဗဟိုနောက်ခံလူ ရိုမက်နိုလီဟာ ၂၀၁၅ ခုနှစ် အပြောင်းအရွှေ့ကာလမှာ ရိုးမားကနေ အေစီမီလန်ကို ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အေစီမီလန် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။

အေစီမီလန်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ရိုမက်နိုလီကို မန်ယူက ပေါင် (၆၅) သန်းသုံးပြီး ခေါ်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အေစီမီလန်နည်းပြ ဂတ်တူဆိုကတော့ ဒီကစားသမားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ”ကစားသမားတစ်ယောက်ကို မပြောင်းစေချင်လို့ ပြောင်းရွှေ့ကြေး အများကြီး သတ်မှတ်လာရင်တောင် အဲဒီပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူသွားတာမျိုး ရှိပါတယ်။ ကိုယ့်ဆီက ကစားသမားတစ်ယောက်ကို မခေါ်စေချင်ရင် လုပ်စရာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဒီကစားသမားက မကောင်းဘူးလို့ ပြောတဲ့နည်းလမ်းပါ။ ဒါဆိုရင် ဘယ်သူမှ မခေါ်တော့ဘူး”လို့ ဂတ်တူဆိုက ပြောခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top