ချစ်သူကောင်မလေးနဲ့ မင်္ဂလာပွဲ ၂ ပွဲလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ရှိနေတဲ့ ဟယ်ရီစတိုင်

marriage.jpg

One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်ဟာ သူ့ရဲ့ချစ်သူကောင်မလေး မင်းသမီး ဇိုး ကာရာဗစ်ဇ်နဲ့ မင်္ဂလာပွဲ ၂ ပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

သူတို့စုံတွဲဟာ လျှို့ဝှက်စေ့စပ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ အခုလိုမင်္ဂလာပွဲသတင်းထွက်ရှိလာခဲ့တာပါ။ သူတို့နှစ်ဦးက လန်ဒန်နဲ့ နယူးယောက် နှစ်နေရာလုံးမှာ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပထမတစ်ပွဲကို ဗြိတိန်မှာ ကျင်းပမှာဖြစ်ပြီး နောက်တစ်ပွဲကိုကျ နယူးယောက်ရှိ Manhattan မှာ ကျင်းပမှာဖြစ်ပါတယ်။ ဇိုးက နယူးယောက်မှာ သူ့အဖေရော့ခ်အဆိုတော် Lenny Kravitz နေထိုင်တဲ့ မြို့လယ်ခေါင်မှာ သူ့အဖေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဟယ်ရီနဲ့ ဇိုးတို့ရဲ့ဆက်ဆံရေးကို အဆိုတော် Lenny က လက်ခံပေးထားတယ်လို့ သိရပါတယ်။

သူတို့စုံတွဲကို ၂၀၂၄ ခုနှစ်က ရောမမှာ ပထမဆုံးဓာတ်ပုံရိုက်မိခဲ့ပြီး နောက်ပိုင်းကျ သူတို့ကို လန်ဒန်မှာ မြင်တွေ့ခဲ့ရကာ သူတို့ဆက်ဆံရေးက မြန်မြန်ဆန်ဆန်ပဲ ခိုင်မာလာခဲ့ပါတယ်။ အခုနှစ် ဧပြီလက ဇိုးကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၁ သန်းတန်ကြေးရှိတဲ့ စိန်လက်စွပ်ကြီးကို ဝတ်ဆင်ထားတာ မြင်တွေ့ခဲ့ပြီးနောက် စေ့စပ်တဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Ref: Harry Styles reportedly planning for 2 weddings with Zoe Kravitz

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top