အောင်မြင်ပြီး ချမ်းသာတဲ့သူဖြစ်ဖို့အတွက် ရှောင်ကျဉ်သင့်တဲ့ အချက်များ

yyl-029-5.jpg

လူတိုင်းလိုလိုပါပဲ။ ချမ်းသာကြွယ်ဝမယ့် နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖွေကြရပါတယ်။ အချို့က အရမ်းကြိုးစားအားထုတ်စရာမလိုဘဲနဲ့တောင် ချမ်းသာကြွယ်ဝကြပြီး တစ်ချို့ကတော့ အောင်မြင်ပြီး ချမ်းသာကြွယ်ဝဖို့အတွက် အလုပ်အရမ်းလုပ်ရပါတယ်။ ကံကောင်းတဲ့သူတွေရော၊အလုပ်အရမ်းလုပ်တဲ့သူတွေရောပါ အမှားလုပ်မိတတ်ကြပါတယ်။ အဲဒါကြောင့်ပဲ ငွေစုဆောင်းမထားနိုင်ကြပါဘူး။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေကတော့ သုတေသနာပညာရှင်ရှာဖွေထားတဲ့ အောင်မြင်ပြီး ချမ်းသာကြွယ်ဝချင်ရင် မလုပ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

မိတ်ဆွေအသစ်မဖွဲ့ခြင်း

အောင်မြင်တဲ့သူတွေက လက်ရှိမိတ်ဆွေတွေအပြင် နောက်ထပ်မိတ်ဆွေအသစ်ဖွဲ့ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ သူတို့တွေဟာ အားလပ်ရက်တွေမှာသာမက အခြားအရေးကြီးတဲ့ရက်တွေမှာတောင် မိတ်ဆွေတွေ၊ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံရဖို့အတွက် မမေ့ကြပါဘူး။ ဒါကြောင့် အောင်မြင်ပြီး ချမ်းသာကြွယ်ဝချင်ရင် မိတ်ဆွေများများဖွဲ့ထားသင့်ပါတယ်။

ကံကြမ္မာကိုယုံကြည်ခြင်း

မိမိရဲ့ကံကြမ္မာကို အရမ်းကြီးယုံကြည်ထားလို့မရပါဘူး။ ကိုယ့်ကိုယ်တိုင် ကြိုးစားဆောင်ရွက်မှသာ အောင်မြင်ပြီး ချမ်းသာကြွယ်ဝမှာဖြစ်ပါတယ်။ အောင်မြင်တဲ့လူတွေက သူတို့ဘဝလမ်းကြောင်းကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတယ်။ ဆင်းရဲတဲ့သူ ၉ဝရာခိုင်းနှုန်းက ကံဆိုးမှုတွေကြုံလာပြီး သူတို့ထိန်းချုပ်မရတဲ့အခါ ကံကြမ္မာကို အပြစ်တင်တတ်ကြပါတယ်။ ဒါကြောင့် ကံတရားကိုအရမ်းယုံကြည်ထားလို့မရပါဘူး။ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်။

မိမိရဲ့အလုပ်ကိုမုန်းခြင်း

အောင်မြင်တဲ့လူတွေက ‘ငါတို့လုပ်တဲ့အရာကိုမြတ်နိုးတယ်’ လို့ပြောဆိုတတ်ကြပါတယ်။ တစ်ချို့တွေကတော့ အလုပ်မှာ တစ်ခုခုအဆင်မပြေဘူးဆိုရင် သူတို့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အရာတွေကို ပိုပြီးမြင်ကြပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးထားနေမယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင် လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးသင့်ပြီး သင်လုပ်နေတဲ့အလုပ်ကိုမကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်သင့်ပါတယ်။

ကျန်းမာရေးကို အာရုံမထားခြင်း

အောင်မြင်ပြီး ချမ်းသာတဲ့သူတွေက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ သူတို့ရဲ့အချိန်တွေကို ကျန်းမာရေးအတွက် အချိန်ပေးထားကြပါတယ်။ တစ်ပတ်ကို လေးကြိမ် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့အစားအစာတွေ စားတာ၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်တာတွေလုပ်ကြပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်မှ ကျန်းမာရေးကောင်းပြီး အလုပ်တွေလုပ်နိုင်ပြီး အောင်မြင်ချမ်းသာတဲ့သူဖြစ်လာမှာဖြစ်ပါတယ်။

စွန့်စားရတဲ့အရာတွေကို မလုပ်ခြင်း

တစ်ချို့လူတွေက သူတို့ရဲ့ငွေရေးကြေးရေးအခြေအနေတိုးတတ်ဖို့အတွက် စွန့်စားမှုနည်းကြပါတယ်။ ကြွယ်ဝချမ်းသာတဲ့သူအများစုက လက်တွေ့စွန့်စားပြီး လုပ်ရတာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ စွန့်စားမှုတွေ လုပ်တဲ့အခါ ရှုးနိမ့်မှုတွေ့ကြုံနိုင်ပေမဲ့ နောက်ပိုင်းမှာ အောင်မြင်မှုရရှိလာနိုင်ပါတယ်။

စာများများမဖတ်ခြင်း


စာမဖတ်တာကို အတွေးအခေါ်နည်းပါးခြင်းလို့မဆိုလိုပါဘူးနော်။ ဒါပေမဲ့ ကိုယ့်ကိုယ်တိုင်တိုးတတ်ကြီးပွားဖို့နဲ့ ဗဟုသုတကြွယ်ဝဖို့၊ အသိပညာတွေရရှိဖို့အတွက် တစ်နေ့ကို နာရီဝက်လောက်စာအုပ်ဖတ်သင့်ပြီး စာများများဖတ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။

နောက်ကျမှအိပ်ရာထခြင်း

သင့်အလုပ်မစခင် အနည်းဆုံး၃နာရီကြိုပြီးထသင့်ပါတယ်။ မနက်ပိုင်းမှာ လုပ်ရမယ့် အရာတွေကိုစီစဉ်ဖို့၊ကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ဖို့၊ အားကစားလုပ်ဖို့ အချိန်ပေးသင့်ပါတယ်။ အောင်မြင်တဲ့သူအများစုက ၁ဝမိနစ်၊၁၅မိနစ်လောက် တရားထိုင်ကြပါတယ်။ စောစောထမယ်ဆိုရင် အိပ်ရာပျက်တာတွေမဖြစ်အောင် ၉နာရီနှင့်၁ဝနာရီလောက်ဆို အိပ်စက်သင့်ပါတယ်။

ငွေကို အရမ်းသုံးဖြုန်းခြင်း

တစ်ချို့က ရတဲ့ဝင်ငွေထက်ပိုပြီးသုံးနေကြပါတယ်။ မတတ်နိုင်တဲ့အရာတွေ၊ မလိုအပ်တဲ့အရတွေအတွက် ငွေကို အရမ်းမသုံးသင့်ပါဘူး။ ဝင်ငွေကိုချင့်ချိန်ပြီးသုံးမှသာ ကြီးပွားတိုးတတ်မှာဖြစ်ပါတယ်။

Ref: Things It’s Better to Stop Doing If You Want to Be Richer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top