လွဲမှားပြီးသိထားကြတဲ့အကြောင်းအရာတချို့ရဲ့ တကယ့်အမှန်တရားများ

csm_Fact_vs_Myth_GettyImages-849249352_9554bcce5d.jpg

အခုပြောပြပေးသွားမယ့် အချက်တွေကို လူအများစုအနေနဲ့ မှန်တယ်လို့ထင်မိနေခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းဆန်းစစ်ကြည့်တဲ့အခါ အခုလိုလွဲနေတာလေးတွေကို တွေ့လာရတာပါပဲ။ ကဲ ဘာတွေများလဲ ဆက်ကြည့်လိုက်ပါဦးဗျ…။

အလွဲ – လူတွေက ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း ၁၀% ကိုပဲ သုံးတယ်။
အမှန် – အိပ်စက်နေတဲ့အချိန်မှာတောင် ဦးနှောက်ရဲ့အစိတ်အပိုင်းအများစုက အင်တိုက်အားတိုက်အလုပ်လုပ်နေပါတယ်။

အလွဲ – အမှောင်ထဲမှာ ဒါမှမဟုတ် ဖန်သားပြင်ပေါ်မှာ စာဖတ်ရင် အမြင်အာရုံယိုယွင်းနိုင်တယ်။
အမှန် – အဲဒီလိုဖတ်ရင် မျက်လုံးတွေက အလျင်အမြန်ပင်ပန်းသွားပါတယ်။ ဒါပေမဲ့ အနားယူပြီးရင် ပြန်သက်သာသွားတာပါပဲ။

အလွဲ – လူတွေမှာ အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့၊ အရသာ ဆိုတဲ့ အာရုံ ၅ မျိုးပဲရှိတယ်။
အမှန် – ဒီ ၅ မျိုးအပြင် ဟန်ချက်ထိန်းတာနဲ့ အပူချိန်ညှိတာလို အာရုံတွေအပါ အာရုံပေါင်း ၂၁ မျိုးလောက် ရှိတာပါ။

အလွဲ – အရမ်းအေးလွန်းတဲ့ ရာသီဥတုအခြေအနေကြောင့် အအေးမိတတ်တယ်။
အမှန် – အအေးမိအဖျားဝင်တာက အပူချိန်အခြေအနေကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ပိုးကြောင့်သာ ဖြစ်ပါတယ်။

အလွဲ – နှာချေတဲ့အချိန်မှာ နှလုံးခုန်တာရပ်သွားတယ်။
အမှန် – နှာချေတဲ့အခါ နှလုံးခုန်တဲ့စည်းချက်ပဲပြောင်းသွားတာဖြစ်ပြီး လုံးဝ ရပ်တန့်မသွားပါဘူး။

အလွဲ – ချွေးထွက်ရင် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေပါသွားတယ်။
အမှန် – ချွေးဂလင်းတွေက ခန္ဓာကိုယ်ကို အေးသွားအောင်ပဲ လုပ်ပေးနိုင်တာပါ။

အလွဲ – မုန်လာဥနီစားရင် အမြင်အာရုံကိုတိုးတက်စေတယ်။
အမှန် – ကြွက်သားတွေတည်ဆောက်ဖို့ပဲ အထောက်အကူပြုပြီး မျက်လုံးအတွက် ဘယ်လိုမှ မထူးစေပါဘူး။

အလွဲ – ကျန်းမာတဲ့သွားတွေက ဖြူဖွေးတောက်ပြောင်နေတယ်။
အမှန် – သွားတွေရဲ့ မူလအရောင်ကိုက ဝါကျင်ကျင်ရှိတာပါ။

Ref: Brightside.me
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top