ဗြိတိန်မှာ အမေရိကန်သမ္မတကို ပြည်သူထောင်ချီ ဆန္ဒပြ

stream_2.37560422.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ကိုရောက်ရှိနေချိန်အတွင်း ဗြိတိန်ပြည်သူ ထောင်ချီရဲ့ ဆန္ဒပြမှုတွေ ကြုံခဲ့ရကြာင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ကိုရောက်ရှိချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ဘုရင်မကြီး အဲလီစဘတ်တို့နဲ့ တွေဆုံပြီး ဥရောပသမဂ္ဂက ဗြိတိန် ခွဲထွက်မှုကို ဆွေးနွေးခဲ့ပါတယ်။

ဗြိတိန်အတွင်း ဆန္ဒပြသူတွေဟာ အီဒင်ဘတ်မှာရှိတဲ့ စကော့ပါလီမန်ကနေ မီဒိုးမြို့အထိ လမ်းလျှောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ထရမ့်အလိုမရှိ၊ အမေရိကန်အလိုမရှိ၊ KKK အလိုမရှိနဲ့ လူမျိုးရေးခွဲခြားမှု ပြုလုပ်တဲ့အမေရိကန် အလိုမရှိ ဆိုတဲ့ စာသားတွေကို ကြွေးကြော်ကာ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။

ထရမ့် ဆန္ဒပြသူတွေဟာ သမ္မတထရမ့်ပုံစံတူ ပြုလုပ်ထားတဲ့ ပူပေါင်းရုပ်ကို လေထဲကို လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာလည်း ဆန္ဒပြမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ကို ဆန်ကျင့်ဆန္ဒပြသူတွေထဲမှာ ဗြိတိန်နိုင်ငံအတွင်းက အဖွဲ့အစည်းများစွာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်နိုင်ငံကိုရောက်ရှိချိန်အတွင်း စကော့ဂေါ့ဖ်ကွင်းတွေကို သွားရောက်ခဲ့ရာချိန်မှာလည်း ဆန္ဒပြမှုတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

Ref: Thousands demonstrate as US president plays golf in Scotland

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top