တိုကျို ၂၀၂၀ အိုလံပစ်ပွဲအတွက် အားကစားရုံများကို ဂျပန် ဆောက်လုပ်ရေး နည်းပညာများဖြင့် အခြေခံအသုံးပြု ပြင်ဆင်သွားမည်

yyl-31-016-1.jpg

တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ စီစဥ်သူများသည် ပွဲအတွက် ကုန်ကျစရိတ် US$ 188 million ကို အသုံးပြုကာ အားကစားရုံများ နှင့် ပွဲအပြင်အဆင်များကို ဂျပန်ရိုးရာဓလေ့ဖြစ်သော သစ်သားကိုအခြေခံသည့် ဆောက်လုပ်ရေး နည်းပညာများကို အသုံးပြုသွားမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

တိုကျိုမြို့လည်ခေါင်ရှိ Ariake Gymnastics Centre အား စုစုပေါင်း သစ်သား ၂၃၀၀ ကုဗ မီတာအသုံးပြုထားပြီး ဂျပန်နိုင်ငံ၏ ရိုးရာ ဆောက်လုပ်ရေးနည်းပညာကို အဓိအခြေခံထားခြင်း ဖြစ်သည်။

ပြေပြစ်သော လှိုင်းပုံစံ ရှိသည့် စင်တာ၏ အမိုး နှင့် အပြင်ဘက် နံရံများကို နိုင်ငံအတွင်းရှိ သစ်ကတိုးများဖြင့် ဆောက်လုပ်ထားသည်။ အဆောက်အဦး နှင့် ပွဲစီစဥ်သူ တာဝန်ရှိသူက “ဒီစင်တာကို ပင်လယ်ကမ်းနားက သစ်သားခွက်လေး မျောနေဟန် ပုံဖော်ထားတာ ဖြစ်တယ်” ဟုဆိုသည်။

အခြားရည်ရွယ်ချက်မှာ “ဂျပန်တို့ရဲ့ သစ်သားအသုံးပြုခြင်း အနုပညာ နှင့် ယဥ်ကျေးမှုကို ပြသဖို့ရယ် အဲ့လိုရိုးရှင်းတဲ့ အလှကို အများပြည်သူခံစားနိုင်ဖို့ပါပဲ” ဟု စီစဥ်သူ ကဆိုသည်။ “ကျွန်တော်တို့ သစ် အများအပြားသုံးထားပါတယ်။ ကျွန်တော်တို့ သစ်သားရဲ့ အနံ့ ရယ် အဲ့ သစ်သားက လာတဲ့ အနွေးဓာတ်ရယ် ကို ကောင်းကောင်းခံစားလို့ ရမယ်ဗျာ။” ဟု စီစဥ်သူ အထွေထွေ မာန်နေဂျာ Koichi Fukui မှ ဆိုသည်။

အိုလံပစ် အားကစားကွင်းရုံကြီးကို ဂျပန် အဆောက်အအုံ ပညာရှင် Kengo Kuma မှ ရိုးရာ နည်းပညာကို အခြေခံ၍ သစ်သားများကိုသာ အသုံးပြုကာ ဒီဇိုင်းဆွဲ ပုံဖော်စေခဲ့သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top