အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ ၁၅-၇-၂၀၁၈

Web-Bay-Din-Third-Week.jpg

ရိုးရာလေးပရိသတ်တွေအတွက် အပတ်စဉ် တင်ဆက်ပေးနေကျ ဖြစ်တဲ့ ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၅-၇-၂၀၁၈ မှ ၂၁-၇-၂၀၁၈ ရက်နေ့အထိ ၇ ရက်စာ တွက်ချက် လမ်းညွှန်ပေးထားတာတွေကို ပုံတစ်ပုံ ချင်းစီမှာ ဖော်ပြပေးထားပါတယ်။


တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေ သားသမီးတို့ကတော့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းမှာ မထင်မှတ်တဲ့ ကိစ္စတစ်ခု ပေါ်ပေါက်လာပါလိမ့်မယ်။ သို့သော် ဆက်လုပ်သင့်ပါသည်။ လုပ်ငန်းအတွင်း ငွေကြေး အရှုပ်ပေါ်လာမည်။ ရုံးတက် ဖြေရှင်းနေရတတ်သည်။ ခါးနာခြင်း ဝေဒနာကြောင့် ဆေးခန်းပြရတတ်သည်။ ယခုအပတ်အတွင်း မိမိနှင့် စိတ်သဘောထားတူသည့် ချစ်သူ အသစ်စက်စက်လေး ရလိမ့်မည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ခွဲတေရတတ်သည်၊ သတိထားပါ။ ပညာရေးသမားများ အခက်တွေ့မည်။ ယခုချိန်တွင် စက်နှင့်ပါတ်သက်ပြီး လုပ်ကိုင်ရသူများ အားနည်းပြီး ရေလုပ်ငန်းနှင့်ပါတ်သက်သူများ အားကောင်းသည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်သေကကြီးစွာ ရောက်နေရတတ်ပြီး သူတပါးကိစ္စ ကိုယ့်ကိစ္စဖြစ်နေတတ်သည်။

အကျိုးပေးဂဏန်းမှာ – ၆၊ ၄၊ ၉။

ယတြာ – အိမ်ဘုရားတွင် အုန်းပန်း ကပ်လှူပူဇော်ပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာ သားသမီးတို့ကတော့ ခရီးသွားခြင်းနှင့် အချိန်ကုန်နေတတ်ပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အကျိုးအမြန်ရပါလိမ့်မည်။ ရွှေလုပ်ငန်း လုပ်သူများလည်း အကျိုးအမြတ်တွေ ရနေတတ်ပါသည်။ ကျန်းမာရေး အနေနဲ့ကတော့ အစားအိမ်၊ မျက်လုံးတွေ သတိထားရမယ့်အချိန် ဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ် ဝယ်ရလိမ့်မယ်။ အချစ်ရေးကတော့ အဖြေရဖို့ မလွယ်သေးပါဘူး။ အိမ်ထောင်ရေး ကောင်းပါတယ်။ ပညာရေးသမားများ သင်တန်း မှားတတ်မိမယ်။ ခရီးသွားခြင်းဖြင့် ဘဝသောကတွေ ပြေပျောက်မယ့်အချိန် ဖြစ်ပါတယ်။ ဝန်ထမ်းတွေလည်း ဒီရက်ပိုင်း ခရီးသွားရတတ်ပါတယ်။

အကျိုးပေးဂဏန်း – ၂၊ ၀၊ ၅။

ယတြာ – မွေးနေ့တွင် ရဟန်း (၂) ပါးအား ဆွမ်းလောင်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါ သားသမီးတွေကတော့ အတော်လေး စိတ်ချမ်းသာရမယ့်အချိန်ဖြစ်တယ်။ စက်ပစ္စည်းနဲ့ ပါတ်သက်ပြီး လုပ်ကိုင်နေသူတွေ အောင်မြင်နေအုံးမှာဖြစ်တယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆ ထိခိုက်တတ်လို့ အထူးသတိထားရမယ့်အချိန် ဖြစ်တယ်။ ထိခိုက်မိတယ်ဆိုရင်တော့ မျက်စိကို ပိထိတတ်လို့ ပိုသတိထားရမယ့်အချိန် ဖြစ်တယ်။ အချစ်ရေးကတော့ မကြာခင် လက်ထပ်ရက် ရွေးရတော့မှာပါ။ ယခုချစ်သူနဲ့ လက်ထပ်ရမယ်။ အိမ်ထောင်သည်များကတော့ မကြာခဏာ ရန်ဖြစ်တတ်ပါတယ်။ ကား၊ ဆိုင်ကယ်စတဲ့ ယာဉ်ဝင်ပါလိမ့်မယ်။ ပညာရေးသမားများကတော့ ကြိုးစားပါ။ ဝန်ထမ်းတွေကတော့ ပြင်ပဝန်ထမ်းများ ညံ့နေပြီး အစိုးရ မင်းမူ့ထမ်းတွေကတော့ ကံကောင်နေပါတယ်။

အကျိုးပေးဂဏန်း – ၃၊ ၁၊ ၆။

ယတြာ – အိမ်ဘုရား ဇီးသီးတင်ပြီး ဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူး သားသမီးတို့ကတော့ လုပ်ငန်းမှာ စိတ်သောကဖြစ်စရာတွေ အလွန်များနေတဲ့အချိန် ဖြစ်မယ်။ သူတပါးအလုပ်တွေကိုဘဲ လိုက်ပါလုပ်ဆောင်နေရပြီး မိမိအလုပ်မှာတော့ အားနည်းနေလိုက်မယ်။ ယုံကြည်ရသူအား ငွေအကူအညီပေးခြင်း၊ အာမခံခြင်းကြောင့် ပြသနာတက်လိမ့်မယ်။ ငွေကုန်ပြီး အထွက်များတဲ့ ကာလဖြစ်တယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ရောဂါရှိသူတွေ အထူးသတိထားရမယ်။ အချစ်ရေးကတော့ လူရွေးနေတာများပါတယ်၊ အိမ်ထောင်သည်များ သံသယစိတ်ကြောင့် တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ဖြစ်မယ်။ ပညာရေးသမားများ သင်တန်းတက်လိုက်ပါ။ ဝန်ထမ်းများ ကံကောင်းနေပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၂၊ ၀၊ ၅။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် ငှက် အစာကြွေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွင် စီးပွားရေး၊ လူမှု့ရေးကြောင့် စိတ်သောက ရောက်ရ မယ့်ကာလအပိုင်း တစ်ခုဖြစ်တယ်။ လုပ်ငန်းများအားလုံး တစ်ဝက်တစ်ပျက် ဖြစ်နေတတ်တယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အဆင်ပြေနေတတ်ပါတယ်။ ပညာရေးလုပ်ငန်းလုပ်သူ ဆရာများလည်း အဆင်ပြေပါလိမ့်မည်။ ကျန်းမာရေးကတော့ ခါးနာရောဂါ ဖြစ်တတ်သည်။ ပညာရေးသမားတွေ သင်တန်းသစ်မှာ အောင်မြင်မှု့ရမယ်။ အချစ်ရေးကတော့ ညံ့တဲ့ကာလဖြစ်တယ်၊ ဒီကာလမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်သည်။ အိမ်ထောင်ရှင်တွေလည်း သတိထားပါ ကြားလူကြောင့် အဆင်မပြေ ဖြစ်တတ်တယ်။ ဝန်ထမ်းတွေအနေနဲ့ မိမိလုပ်ငန်းရဲ့ အရေးကြီးပစ္စည်း ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၅၊ ၃၊ ၁။

ယတြာ – ကြာသာပတေးနေ့တွင် အိမ်ဘုရားတွင် သောက်တော်ရေ (၅) ခွက်လှူပါ

သောကြာ

ယခုအပတ်အတွင်း သောကြာ သားသမီးတို့သည် မိမိတို့လုပ်ဆောင်ထားသော လုပ်ငန်းတွင် ရည်မှန်းထားသည့်အတိုင်း အောင်မြင်လာပါလိမ့်မည်။ စိတ်သဘောထားတွေ ကွဲနေသော အစုအစပ်လုပ်ငန်းများ အဆင်ပြေသွားမည်။ ငွေကြောင်းကိစ္စမှာ ထင်သည်ထက် ပိုကြာလိမ့်မည်။ ရွှေလုပ်ငန်း၊ အနုပညာလုပ်ငန်း လုပ်သူများ ကောင်းပါသည်။ ကျန်းမာရေးအတွက် ဦးခေါင်းတွင် ထိခိုက်တတ်ပြီး၊ ဆီချိုသမားများ သတိထားရလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့် ခရီးထွက်ရတတ်သည်။ အိမ်ထောင်သည်များ ကံကောင်းသည်။ ဝန်ထမ်းများ ကံကောင်းမည်။

အကျိုးပေးဂဏန်း – ၆၊ ၄၊ ၁။

ယတြာ – သောကြာနေ့နံနက်တွင် ဆွမ်းလောင်းလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် ရပ်နားထားရသော စီးပွားရေးလုပ်ငန်းများ ပြန်အဆင်ပြေလာမည်။ ခရီးများထွက်ရတတ်သည်။ လုပ်ငန်းတွင် မီးနှင့်ပြုလုပ်ရသော လုပ်ငန်းများ တိုးတက်ပြီး ရေနှင့်ပါတ်သက်သော လုပ်ငန်းများ ညံနေတတ်သည်။ ကျန်းမာရေးအနေဖြင့် အကြောအရိုးနာခြင်း၊ ညောင်းခြင်းဖြစ်မည်။ အချစ်ရေးတွင် ကိုယ်ထက်ငယ်သူနှင့် အဆင်ပြေသွားမည်။ အိမ်ထောင်သည်များ ငွေကြေးပြဿနာဝင်တတ်သည်၊ သတိထားပါ။ ပညာရေးအနေဖြင့် တက်နေသော သင်တန်း တစ်ဝက်ဖြင့် ရပ်တားရတတ်သည်၊။ ကားဝင်မည်။ ဝန်ထမ်းများ လက်အောက်ငယ်သားကြောင့် ပြသနာ ဖြေရှင်းရမည်။ ဝန်ထမ်းများ စာရင်း သေချာလုပ်ထားရမည့် အချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၇၊ ၄၊ ၅။

ယတြာ – စနေနေ့တွင် ဘုရားအား ထီးအနီရောင် (၁) လက်လှူပေးပါ။

KimKaThu
Doctoral Thesis Of Astro-Palmist.
Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top