အိမ်ဖောက်သူခိုးတွေ ရန်ကနေ သေနတ်အပစ်ခံပြီး သခင်တွေကို ကယ်တင်ခဲ့တဲ့ အိမ်မွေးခွေးလေး

safe_image-1.jpg

ခွေးတွေဟာ သူတို့ရဲ့ ပိုင်ရှင်အပေါ် သစ္စာရှိပြီး အရမ်းချစ်တတ်တာကြောင့် လူတွေက ခွေးတွေကို အိမ်မှာ မွေးမြူလာကြပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ ဟူစတန်မြို့က ခွေးမလေး တစ်ကောင်ကတော့ သေနတ်ကိုင်ထားတဲ့ အိမ်ဖောက်သူခိုးတွေကို ခုန်အုပ်လိုက်တဲ့အချိန်မှာ သေနတ်နဲ့ (၂)ချက် အပစ်ခံရပြီး အိမ်ရှင်တွေကို ကယ်တင်ခဲ့ပါတယ်။ သူခိုးတွေက သောကြာနေ့ ည (၁) နာရီအချိန်မှာ အိမ်နောက်ဖေးတံခါးက ဝင်လာခဲ့တယ်လို့ သိရပါတယ်။

အိမ်ဖောက်သူခိုးက အိမ်ထဲမှာ ဖခင်ဖြစ်သူကို သေနတ်နဲ့ ချိန်ထားပြီး မိသားစုဝင်တွေကို သူတို့ရဲ့အခန်းမှာ နေဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ခွေးမလေးက သူ့ရဲ့သခင်ကို ကယ်တင်ဖို့ အိမ်ဖောက်သူခိုးကို ခုန်အုပ်ခဲ့ပြီး သေနတ် (၂) ချက် အပစ်ခံခဲ့ရပါတယ်။ သေနတ် (၁) ချက်က ခြေဖဝါးကို ထိသွားခဲ့တာပါ။ ခွေးမလေးက အိပ်ခန်းပြူတင်းပေါက်ကနေ ပြေးထွက်ခဲ့ပြီး အကူအညီသွားတောင်းခဲ့တာကြောင့် အိမ်သားတွေ လွတ်မြောက်ခဲ့ရပါတယ်။

အိမ်နီးနားချင်းခါရီ အန်ဒါဆင် (Khari Anderson) က “ဒါဟာ အဆိုးထဲက အကောင်းလို့ ပြောရမှာပါပဲ။ မိသားစုဝင်တွေ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ အိမ်ဖောက်သူခိုးက ဘယ်သူလဲ ဆိုတာကို သိရဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူ အန်ဒါဆင်က သေနတ်ပစ်သံကြားတဲ့ အတွက် ဘာဖြစ်တာလဲဆိုတာကို သိရဖို့ ဘေးအိမ်ကို ပြေးသွားခဲ့ကြောင်း၊ ထိတ်လန့်သွားခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။

အိမ်ဖောက်သူခိုးတွေက ဖခင်ဖြစ်သူရဲ့ ပိုက်ဆံအိတ် နဲ့ ဖုန်းတွေကို ခိုးနိုင်ခဲ့ပေမဲ့လည်း ထွက်ပြေးတဲ့ အချိန်မှာ ပိုက်ဆံအိတ် ပြုတ်ကျကျန်ခဲ့ပါတယ်။ ရဲတွေဘက်က အိမ်ဖောက်သူခိုးတွေကို ဘယ်သူတွေလဲ ဆိုတာ မသိရသေးပေမဲ့လည်း အိမ်မွေးခွေးမလေးကတော့ အသက်အန္တရယ်စိုးရိမ်စရာမရှိဘဲ အခု ပြန်လည်သက်သာလာနေပြီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာလောက်ပဲ သိရပြီး မိသားစုဝင်တွေကို ဖော်ပြခြင်းမရှိဘူးလို့ ဆိုပါတယ်။

Ref: Dailymail “Family dog is shot twice as she leapt to defend her owners and their three children who were held at gunpoint during home invasion”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top