အဆိုတော် The Weeknd ကို ကမ္ဘာ့ရေပန်းအစားဆုံးအဆိုရှင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက သတ်မှတ်

21.3.2023-yyl-iamge-10.jpg

အဆိုတော် The Weeknd ဟာ စာရင်းအင်းအရ ကမ္ဘာ့ရေပန်းအစားဆုံး အဆိုရှင်ဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက တနင်္လာနေ့မှာ ပြောကြားခဲ့တာပါ။ အခြားဘယ်ဂီတပညာရှင်ကမှ The Weeknd ရဲ့ streaming အောင်မြင်မှုအထိ မရောက်ခဲ့ဘူးလို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် The Weeknd က ဂီတstreaming အတွက် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်း ၂ ခု ချိုးခဲ့တယ်လို့လည်း ပြောပါတယ်။ Spotify မှာ လစဉ်နားဆင်သူအများဆုံးရှိတဲ့အဆိုရှင်နဲ့ လစဉ်နားဆင်သူ သန်း ၁၀၀ ရောက်ရှိခဲ့တဲ့ ပထမဆုံးအဆိုရှင်ဆိုတဲ့ စံချိန်တွေပါ။

Spotify ကလည်း The Weeknd ရဲ့အောင်မြင်မှုကို “ဒါက တရားဝင်ပါ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ The Weeknd က Spotify သမိုင်းမှာ လစဉ်နားဆင်သူ သန်း ၁၀၀ ရောက်ခဲ့တဲ့ ပထမဆုံးဂီတပညာရှင်ဖြစ်လာခဲ့ပါတယ်”လို့ ပြီးခဲ့တဲ့လက တင်ခဲ့တာပါ။
TikTok မှာ ခေတ်စားသွားခဲ့တဲ့ အဆိုတော် အာရီယာနာ ဂရန်ဒီ ပါဝင်သီဆိုပေးထားတဲ့ သူ့ရဲ့ “Die For You” ရီမစ်သီချင်းအောင်မြင်မှုကြောင့်Streamလုပ်တာပိုများလာခဲ့တာပါ။ အဲ့သီချင်းက မတ်လထဲမှာပဲ the Billboard Hot 100 မှာ နံပါတ် ၁ ဖြစ်ခဲ့တာပါ။ The Weeknd ရဲ့ ၂၀၂၀ ခုနှစ်ထွက် “Blinding Lights” က Spotify မှာ တနင်္လာနေ့အထိ နားဆင်သူ ၃.၄၇ ဘီလျံနဲ့ အချိန်တိုင်း stream ဆုံးသီချင်းဖြစ်ပါတယ်။ “Starboy” သီချင်းကလည်း အချိန်တိုင်း နားဆင်သူအများဆုံးသီချင်းတွေထဲက တစ်ပုဒ်ပါပဲ။

သူက ကမ္ဘ့ာဂင်းနက်စ်စံချိန်တွေကို ၂၀၁၆ ခုနှစ်ကလည်း စံချိန် ၂ ခုချိုးခဲ့ဖူးပါတယ်။ Spotify မှာ streamအများဆုံးအယ်လ်ဘမ်အတွက် စံချိန်တစ်ခုနဲ့ နောက်တစ်ခုကတော့ တစ်ကိုယ်တော်အဆိုရှင်က Billboard Hot 100 ရဲ့ Top 10 မှာ အပတ်တိုင်းဝင်တာအများဆုံးအတွက် စံချိန်ပါ။

Ref: The Weeknd is the world’s most popular artist, Guinness World Records says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top