သားသမီးတွေနဲ့ ပတ်သက်ပြီး မိဘတွေလုပ်မိနေတဲ့ အပြုအမူအလွဲများ

parent.png

သားသမီးတွေရဲ့ မကောင်းတဲ့အပြုအမူတွေကို အပြစ်ပေးဖို့အတွက် မိဘတွေမှာ ကိုယ်ပိုင်နည်းလမ်းတွေရှိကြပါတယ်။ ဒါပေမဲ့ မိဘတွေက သားသမီးတွေကို ဘာမှအပြစ်မပေးသေးဘဲ ကလေးတွေက စကားနားမထောင်တဲ့အချိန်တွေရှိတတ်ပါတယ်။ ဒီလိုဖြစ်ရတာက ကလေးကိုစည်းကမ်းတင်းကြပ်တဲ့နေရာမှာ တစ်ခုခုမှားယွင်းနေတာကြောင့်ပါ။ မိဘတွေလုပ်မိနေတဲ့ အပြုအမူအလွဲတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

လူမြင်ကွင်းမှာ အော်ငေါက်ခြင်း

မိဘတွေက ကလေးတွေကို အပြင်ခေါ်သွားတဲ့အခါမျိုးမှာကလေးတွေက အငြိမ်မနေတတ်ကြပါဘူး။
အအေးကိုင်ထားရင်လည်း အအေးမှောက်ကျတာတို့၊ တစ်ခုခုလုပ်မိသွားတာတို့ ဖြစ်လာမယ်ဆိုရင် သင်
ဘာလုပ်မလဲ။ နောက်တခါမလုပ်ဖို့ သတိပေးရင်ပေးမယ်။သတိပေးတာကိုမှ ကလေးက ထပ်လုပ်မိနေရင်တော့ လူမြင်ကွင်းမှာအော်ငေါက်မိသွားမယ်။ ကလေးတွေကို လူမြင်ကွင်းမှာအော်ငေါက်မိတဲ့အခါ ကလေးတွေက မိဘပြောနေတာကို အာရုံမစိုက်ပေမဲ့ လူမြင်ကွင်းမှာ အအော်ငေါက်ခံလိုက်ရတာကြောင့် ကလေးက စိတ်ဒဏ်ရာရသွားတတ်ပါတယ်။ ကလေးနဲ့နှစ်ယောက်တည်းရှိတဲ့အခါမှသာ ကလေးရဲ့အပြုအမူနဲ့ပတ်သတ်ပြီး အေးအေးဆေးဆေးပြောကြည့်ပါ။

ကလေးတွေ ဗိုက်ဆာတာကို သတိမပြုမိခြင်း

မိဘတွေက သူငယ်ချင်းတွေနဲ့ တွေ့ဆုံမိရင်း ရှေ့ဟောင်းနောက်ဖြစ်တွေပြောနေတဲ့အခါမှာ ကိုယ့်ကလေးက စားပွဲပေါ်ကအရာတွေ လွှတ်ပစ်နေတာကို တွေ့ရမှာပါ။ အဲဒါအခါမျိုးမှာ မိဘတွေက ကလေးငြိမ်အောင်လို့
ဖုန်းပေးထားလိုက်မှာပါ။ ဒါက ကလေးကို ကူညီရာမရောက်ပါဘူး။ ကလေးကို ဘယ်အချိန်နောက်ဆုံးထမင်းကျွေးခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကလေးအငြိမ်မနေပဲ ပစ္စည်းတွေလွှတ်ပစ်နေတာက သူ ဗိုက်ဆာနေတာကြောင့်ပါ။ ဒါကို မိဘတွေက သတိမပြုမိဘဲ ကလေးတွေကို စိတ်မရှည်ဖြစ်နေတတ်ပါတယ်။

ဒေါသတကြီးတုံ့ပြန်ခြင်း

ကိုယ့်ကလေးက ပစ္စည်းတစ်ခုခု ပျက်စီးသွားအောင်လုပ်လိုက်မိတဲ့အခါမျိုးမှာ ပြင်းပြင်းထန်ထန်အော်မိတတ်ကြပါတယ်။ မိဘက အော်လိုက်လို့ ကလေးကသင်ခန်းစာရပြီး နားလည်သဘောမပေါက်သွားနိုင်ဘူးဆိုတာသိရင် အဲဒီလိုမျိုးမလုပ်သင့်ပါဘူး။ ပြင်းပြင်းထန်ထန်အော်လိုက်လို့ သူလုပ်မိတဲ့အမှားကို ကလေးက နားလည်သဘောပေါက်မှာမဟုတ်ပါဘူး။ အဲဒီလိုအော်မဲ့အစား ကလေးကို နောက်ထပ်မလုပ်အောင် ချိုချိုသာသာလေး သတိပေးဖို့ ကြိုးစားကြည့်ပါ။

စိတ်အလိုမကျမှုကို ထုတ်ပြခြင်း

အလုပ်ခွင်မှာ အဆင်မပြေမှုတွေနဲ့ ကြုံလာပြီး ညဘက် နောက်ကျမှ အိမ်ကိုပြန်ရောက်တဲ့အခါမျိုးတွေရှိတတ်ပါတယ်။ အဲဒီလိုအဆင်မပြေမှုတွေကြောင့် ပင်ပန်းနေတဲ့အချိန်မှာ ကလေးက သူရဲ့အိမ်စာတွေ မပြီးသေးတာကို တွေ့ခဲ့ရမယ်ဆိုရင် ကလေးကို စိတ်ပင်ပန်းမှုတွေနဲ့ရောထွေးနေတဲ့ အလိုမကျမှုတွေကို ထုတ်မပြပါနဲ့။ စိတ်ဖိစီးနေတဲ့အခါမျိုးမှာ ကလေးကို ဆုံးမချင်ရင်တော့ ကိုယ့်ကိုယ်ကို အချိန်အနည်းငယ်ပေးလိုက်ပါ။ ချက်ချင်းကြီးမတုံ့ပြန်လိုက်ပါနဲ့။

ကလေးတွေကို ဆုံးမသွန်သင်မယ်ဆိုရင် ရိုက်နှက်အော်ငေါက်ပြီး ဆုံးမမဲ့အစား စိတ်အေးအေးထားပြီး ကလေးနားဝင်အောင် ချိုချိုသာသာလေး ဆုံးမသွန်သင်ရမှာပါနော်။

Ref: Worst discipline mistakes most parents make!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top