Nicolas Cage ရဲ့ အက်ရှင်ကားသစ်အတွက် ရိုက်ကွင်းတည်နေရာထဲမှာ မြန်မာနိုင်ငံပါဝင်နေ

ni.jpg

Jiu Jitsu အမည်ရတဲ့ ကာတွန်းဇာတ်လမ်းကို အက်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးသွားမယ့်ဇာတ်ကားမှာ “Ghost Rider” ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသား နစ်ကိုလက်စ် ကေ့ချ် (Nicolas Cage) ပါဝင်မှာဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ နစ်ကိုလက်စ်အပြင် “Kickboxer” ဇာတ်ကားနဲ့ လူသိများပြီး “Titans” စီးရီးမှာ လင်းနို့လူသားအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား အလိန်း မော်ဆီ (Alain Moussi) လည်း ပါဝင်မှာပါ။

အဲဒီဇာတ်ကားမှာ နစ်ကိုလက်စ်က Jiu Jitsu သိုင်းပညာမှာ မာစတာကြီးဖြစ်တဲ့ အလိန်း မော်စီနဲ့ ပူးပေါင်းပြီး ဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တာကိုခံနေရတဲ့ ကမ္ဘာကြီးကို ကယ်တင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးကို ခြောက်နှစ်တစ်ခါ လာရောက်ဒုက္ခပေးတိုက်ခိုက်နေတဲ့ ဂြိုလ်သားတွေကို ဂျပန်သိုင်းပညာ Jiu Jitsu အစွမ်းနဲ့ ပြန်လည်ချေမှုန်းရမဲ့ သိပ္ပံအက်ရှင်ကားမျိုးဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ထူးခြားတာကတော့ မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖိုက်တင်ဇာတ်ဝင်ခန်းတွေ လာရောက်ရိုက်ကူးမယ်ဆိုတာပါ။ အခုဆိုရင် နိုင်ငံတကာရုပ်ရှင်အသိုင်းအဝန်းက မြန်မာနိုင်ငံကို သတိထားမိလာတဲ့ပုံပါပဲ။ နာမည်ကြီးမင်းသား နစ်ကိုလက်စ် ပါဝင်မယ့်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးမယ်ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူရမှာပါပဲ။

Jiu Jitsu ဇာတ်ကားကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ လာရောက်ရိုက်ကူးသွားမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ စောင့်ကြည့်ကြရအောင်ပါ…။

Ref: Nicolas Cage to Star in Martial Arts Actioner ‘Jiu Jitsu’
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top