မက်ဂီမှ “ချစ်မေတ္တာနဲ့ချက်မည်” မက်ဂီအမေများနေ့အထိမ်းအမှတ်ဟင်းချက်ပြိုင်ပွဲကြီးကို ခမ်းနားစွာကျင်းပ

MAGGI-COOK-WITH-LOVE-3.jpg

မက်ဂီက ၂၀၁၉ခုနှစ်၊မေလ (၁၂) ရက်နေ့မှာ ကျရောက်လာတဲ့ အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “ချစ်မေတ္တာနဲ့ချက်မည်မက်ဂီ” ဟင်းချက်ပြိုင်ပွဲကို Junction Square Outdoor Areaမှာ မေလ(၁၁) ရက်နဲ့ (၁၂)ရက်တွေက ကျင်းပခဲ့ပါတယ်။ ပြောမပြနိုင်အောင်ကြီးမားတဲ့ မိခင်မေတ္တာကိုနားလည်ဂုဏ်ပြုတဲ့အနေနဲ့ “ချစ်မေတ္တာနဲ့ချက်မည်မက်ဂီ” ဟင်းချက်ပြိုင်ပွဲကို၂၀၁၇နှင့်၂၀၁၈ခုနှစ်တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အခုနှစ်မှာ ပြိုင်ပွဲဝင်မက်ဂီမေမေ(၂၅) ယောက်ပါဝင်တဲ့ ဟင်းချက်ပြိုင်ပွဲကြီးအပြင် မီးဖိုချောင်တွင်အာဟာရပြည့်ဝပြီးပိုမိုအရသာရှိသောဟင်းလျာတွေ ချက်ပြုတ်နိုင်ရေးအသိပညာပေး ဟင်းချက်သရုပ်ဖော် အစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ကံစမ်းမဲအစီအစဉ်တွေနဲ့ အထူး promotionအစီအစဉ်တွေ ပါဝင်ပါတယ်။ အခုနှစ်မှာ မက်ဂီမေမေတွေနဲ့ ပိုမိုထူးခြားတဲ့ အမှတ်တရအစီအစဉ်အဖြစ် မိခင်ရဲ့ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ အသဲပုံပုံစံကို မိသားစုတွေနဲ့အတူပုံဖော်ပြီးပိုမိုကြီးကျယ်ခမ်းနားစွာ ကျင်းပသွားခဲ့ပါတယ်။

ချက်ပြုတ်ခြင်းဆိုတာက မြန်မာအိမ်ထောင်ရှင်မတွေရဲ့ ဘဝ့အဓိကအစိတ်အပိုင်းဖြစ်တာကြောင့် မြန်မာအိမ်ထောင်ရှင်မတွေက ချက်ပြုတ်ရာမှာ အစွမ်းကုန်ဂရုတစိုက်ချက်ပြုတ်လေ့ရှိတဲ့အတွက် မြန်မာမိခင်တွေက အမြဲတမ်းချစ်ခြင်းမေတ္တာဖြင့်ချက်ပြုတ်ကြတယ်လို့ မက်ဂီကအမြဲတစေယုံကြည်ထားပါတယ်။ ချက်ပြုတ်တဲ့ဓလေ့၊ နည်းလမ်းနဲ့ အလေ့အထတွေကို မိခင်က သမီးဆီကို မျိုးဆက်အလိုက်လက်ဆင့်ကမ်းအမွေပေးလာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ မြန်မာမိခင်တွေရဲ့ နေ့စဉ်အရသာရှိပြီး အာဟာရပြည့်တဲ့ အချက်အပြုတ်နဲ့ အစားအသောက်အလေ့အထတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရသည့်အတွက်လည်းမက်ဂီကအစဉ်သဖြင့်ဂုဏ်ယူလျက်ရှိပါတယ်။ ဒါ့ကြောင်တတိယအကြိမ်မြောက်ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံလုံးတစ်ဝှမ်းလုံးက မိခင်အားလုံးကို ကျေးဇူးတင်၊အသိအမှတ်ပြုကြောင်းဖော်ပြရင်း တစ်ချိန်တည်းမှာပဲ မိသားစုအပေါ်ထားတဲ့ မိခင်တွေအားလုံးရဲ့အနှိုင်းအဆမရှိတဲ့ ချစ်ခြင်းမေတ္တာကို ချက်ပြုတ်ခြင်းနဲ့ ဖော်ပြနိုင်တဲ့မက်ဂီက “မက်ဂီမေမေများနေ့ဟင်းချက်ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက အမေများနေ့ကိုကိုယ်စားပြုတဲ့အနေနဲ့ မက်ဂီက မြန်မာနိုင်ငံက မက်ဂီမေမေများနေ့ဟင်းချက်ပြိုင်ပွဲကြီးကို ပြုလုပ်ကျင်ပခဲ့ပြီး ပါဝင်လိုသူမေမေတွေအနေနဲ့ မိမိအနှစ်သက်ဆုံးသောဟင်းလျာရဲ့အကြောင်းကို MAGGI Myanmar Page Facebook စာမျက်နှာသို့ပေးပို့ပါဝင်ခဲ့ပြီး အဲဒီအထဲကမှ ဟင်းလျာကို တီထွင်ဆန်းသစ်မှု၊အရသာရှိမှုနှင့်အာဟာရပြည့်ဝမှုတို့ပေါ်မူတည်ပြီး အကောင်းဆုံးပြိုင်ပွဲဝင် (၂၅) ဦးကိုပဏာမအဖြစ်ရွေးချယ်ခဲ့ပါတယ်။ အဲဒီပဏာမရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင် (၂၅)ဦးက မေလ (၁၁) ရက်နေ့ ရန်ကုန်မြို့ Junction Square မှာ ကျင်းပပြုလုပ်တဲ့ “မက်ဂီမေမေများနေ့ ဟင်းချက်ပြိုင်ပွဲ”မှာ အဆင့်ဆင့်ဝင်ယောက်ယှဉ်ပြိုင်ပြီး ပထမဆုငွေကျပ် (၁၀)သိန်းကို မသန္တာအေး၊ ဒုတိယဆု ငွေသား(၅)သိန်းကျပ်ကို မနှင်းနု နှင့် တတိယုဆု ငွေသား(၃)သိန်းကျပ်ကို မအိအိထွေးတို့မှ အသီးသီး အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို မေလ(၁၂)ရက်နေ့ အမေများနေ့မှာ ကျင်းပပြုလုပ်ပေးအပ်ခဲ့ပါတယ်။ ဒိုင်တွေအနေနဲ့ကတော့ နိုင်ငံကျော် စားဖိုမှူးကြီးဦးမြင့်ဦးသာကိုယ်တိုင် ပါဝင်အကဲဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top