MPT မှ မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ နိုင်ငံအဝှမ်းလှူဒါန်းမှုများ ဆောင်ရွက်သွားမည်

1-1.jpg

မြန်မာနိုင်ငံရဲ့ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT က ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးခြင်းနဲ့အတူ မြန်မာ့လူမှုအဖွဲ့အစည်းကိုလည်း လိုအပ်နေတေဲ့အကူအညီတွေကို ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပြီး လွန်ခဲ့သောလေးနှစ်တာ ကာလအတွင်းမှာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာကျပ်ငွေ သန်းပေါင်း (၆,၀၀၀) ကျော်အထိ ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လူမူအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းတွေကို အလေးထားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ MPTအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်မှာ မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီစေမဲ့ အနာဂတ်လူငယ်တွေကို အထောက်အပံ့ ဖြစ်စေရန် အထူးအလေးထားပြီး စိတ်အားထက်သန်စွာဖြင့် နိုင်ငံအနှံ့လှုပ်ရှား ဆောင်ရွက်နေပါတယ်။

အခုနှစ်အတွက် မြန်မာနှစ်ကူးမဟာသြင်္ကန်အထိမ်းအမှတ်အနေနဲ့ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းကာ နှစ်သစ်ကူးအခါသမယအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှူဒါန်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လာမဲ့ ဧပြီလ (၄) ရက် နှင့် (၅) ရက် တွေမှာ MPT ရဲ့ အကြီးတန်းအရာရှိတွေအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဌာနအသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများအနေနဲ့ နိုင်ငံအဝှမ်းကဘိုးဘွားရိပ်သာတွေ၊ ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ အစရှိတဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းတွေ ရှိတဲ့ နေရာဒေသ (၄၈) ခုမှာ လှူဒါန်းမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး စုစုပေါင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြု ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက လူမှုအသိုင်းအဝန်းအတွက် အကျိုးအမြတ်ကောင်တွေကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် MPT အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဓိကကဏ္ဍ သုံးရပ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်် စီးပွားရေးလုပ်ငန်းငယ်တွေကို ဦးတည်ထားကာ ဆောင်ရွက်နေပါတယ်။

ထို့အပြင် အခြားသော လူမှုအကျိုးပြု အစီအစဉ်တွေဖြစ်တဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်တွေ၊ သွေးလှူဒါန်းခြင်းတွေ၊ သစ်ပင်စိုက်ပျိုးခြင်းတွေစတဲ့ အကျိုးပြုလုပ်ငန်းတွေမှာလည်း ဒေသခံပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေနဲ့အတူ MPT ဝန်ထမ်းတွေစုပေါင်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top