အိမ်ခြေရာမဲ့ဘဝကနေ ဟားဗက်(ဒ်)တက္ကသိုလ် တက်နိုင်ခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေး

AACAmBL.jpg

ကျောင်းပြီးဘွဲ့ရဖို့ ဆိုတာက လူတိုင်းနီးပါးရဲ့ အိပ်မက်ဖြစ်သလို ခက်ခဲစွာ ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် မျှော်လင့်ချက်ဆိုလည်း မမှားပါဘူး။ သာမန်ဘဝထဲကနေ အများနဲ့မတူ ရုန်းကန်အောင်မြင်ခဲ့သူကတော့ (၁၈) နှစ်အရွယ် ကောင်မလေး အက်သီနာ (Athena) ဖြစ်ပါတယ်။

အထက်တန်းကျောင်းသူ ဘဝတည်းက အိမ်ခြေရာမဲ့ ဂေဟာမှာ မိခင်ဖြစ်သူနဲ့ တူတူနေခဲ့ရပါတယ်။ အကဆရာမ တစ်ယောက်ဖြစ်တဲ့ မိခင်က ကင်ဆာရောဂါ ခံစားရချိန်မှာတော့ အလုပ်ဆုံးရှုံးပြီး အိမ်ကိုပါ ရောင်းခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်ခဲ့ပေမဲ့ သမီးဖြစ်သူ အက်သီနာရဲ့ ပညာရေးကိုတော့ လက်မလျှော့ခဲ့ပါဘူး။ အက်သီနာ ကျောင်းတက်ဖို့ လိုအပ်တဲ့ စာရေးကိရိယာတွေကိုတော့ မိခင်ဖြစ်သူက တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒီအချက်ကပဲ အက်သီနာအတွက် ခွန်အားဖြစ်စေသလို သူများထက်ပိုပြီး ကြိုးစားချင်စိတ်လည်း ရစေတာပါ။ အထက်တန်းကျောင်းကို GPA 4.0 နဲ့ အောင်မြင်ပြီး ဟားဗက် (ဒ် ) တက္ကသိုလ်ကပေးအပ်တဲ့ ပညာသင်ဆုကိုပါ ရရှိခဲ့ပါတယ်။

အာရုံကြောဆိုင်ရာကို လေ့လာတဲ့ သိပ္ပံပညာရှင် ဖြစ်ချင်တဲ့ အက်သီနာက ပထမ စာသင်နှစ်ကိုတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ရှေ့ဆက်သင်ကြားရမယ့် ပညာသင်နှစ်တွေကို ကျော်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေသလို မိခင်အတွက် မားမားမတ်မတ် ရှေ့က ရပ်တည်ပေးမယ့် သမီးတစ်ယောက်ဖြစ်ချင်တာကတော့ အက်သီနာရဲ့ ရင်တွင်းဆန္ဒပဲ ဖြစ်ပါတယ်။

Ref: Cbsnews “Homeless to Harvard: Teen shares her “surreal” journey”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top