(၂) ရက်ကျော်အတွင်း ကြည့်ရှုသူ သန်း ၁၀၀ ဖြစ်သွားတဲ့ တစ်ကိုယ်တော်သီချင်း လီဆာရဲ့ Lalisa

13-9-2021-yyl5.jpg

BLACKPINK မိန်းကလေးအဆိုအဖွဲ့ရဲ့ အဖွဲ့ဝင် လီဆာ (Lisa) ဟာ YouTube မှာ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်သီချင်းအသစ်နဲ့ အောင်မြင်မှု စိုက်ထူနိုင်ခဲ့ပါပြီ။

စက်တင်ဘာ ၁၀ ရက်နေ့က လီဆာရဲ့ပထမဆုံးတစ်ကိုယ်တော်သီချင်းအသစ် “Lalisa” ထွက်ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ အဲဒီသီချင်းက YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားခဲ့တယ်လို့ YG Entertainmentက ကြေညာခဲ့ပါတယ်။

“Lalisa” မြူးဇစ်ဗီဒီယိုက ၂ ရက်ကျော် (၄၉ နာရီနဲ့ ၅ မိနစ်) နဲ့ ကြည့်ရှုသူ သန်း ၁၀၀ ဖြစ်သွားခဲ့တာပါ။ ကမ္ဘာပေါ်မှာ အခြားတစ်ကိုယ်တော်အဆိုရှင်ရဲ့မြူးဇစ်ဗီဒီယိုတွေထက် မြန်မြန်ဆန်ဆန်ဆန်နဲ့ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားခဲ့တဲ့ မြူးဇစ်ဗီဒီယိုဖြစ်ခဲ့ပါတယ်။

ကိုရီးယားတစ်ကိုယ်တော်အဆိုရှင်တစ်ယောက်အတွက် ကြည့်ရှုသူ သန်း ၁၀၀ ဖြစ်ခဲ့တဲ့ အမြန်ဆုံးမြူးဇစ်ဗီဒီယိုပါပဲ။ အခုဆိုရင် အရင်မှတ်ကျောက်တင်ခဲ့တဲ့ အဆိုတော် Psyရဲ့မြူးဇစ်ဗီဒီယို Gentleman ကိုကျော်ပြီး လီဆာရဲ့ Lalisa က စံချိန်ချိုးခဲ့တာပါ။ Psy ရဲ့ Gentleman က (၄) ရက်နဲ့ ကြည့်ရှုသူ သန်း (၁၀၀) ဖြစ်ခဲ့တာပါ။

“Lalisa” မြူးဇစ်ဗီဒီယိုက တစ်ကိုယ်တော်အဆိုရှင်တစ်ယောက်အတွက်၂၄ နာရီအတွင်း ကြည့်ရှုသူအရေအတွက်အမြင့်ဆုံးရခဲ့တဲ့ မှတ်တမ်းလည်းရှိခဲ့ပါတယ်။

Ref: BLACKPINK’s Lisa’s “Lalisa” Becomes Fastest MV By Any Soloist To Hit 100 Million Views

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top