ဘီယာတွေသောက်ပြီး နွားနဲ့ရန်ဖြစ်ခဲ့တဲ့ဝက်ကလေး

65287437_424459215071274_144289911640424448_n.jpg

အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ စခန်းချခရီးထွက်၊ မီးပုံပွဲလုပ်၊ အစားအသောက်ကောင်းတွေစားပြီး ပျော်စရာကောင်းနေမယ့်အချိန်တွေကို တွေးကြည့်ဖူးပါသလား။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ ဝက်တစ်ကောင်က ကိုယ်ဝယ်ထားတဲ့ဘီယာတွေကို တစ်ဗူးမကျန်သောက်သွားတဲ့အဖြစ်မျိုးလည်း ကြုံရနိုင်ပါတယ်။ ဒါမျိုးက တကယ်လည်းဖြစ်ခဲ့လို့ပါ။

သြစတေးလျနိုင်ငံ၊ Port Hedland ဆီ အားလပ်ရက်အပျော်ခရီးထွက်လာတဲ့လူတစ်စုဟာ ဝယ်လာတဲ့ ဘီယာဗူးတွေကို ညအိပ်ခါနီးမှာ သိမ်းဖို့မေ့လျော့ပြီး အိပ်ရာဝင်ခဲ့ကြပါတယ်။ မသိမ်းမိတဲ့ဘီယာတွေကို ဝက်တစ်ကောင်က စိတ်ရှိလက်ရှိသောက်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲနော်။ အသီးသီး အိပ်မောကျနေကြတုန်း လူတစ်ယောက်က အသံတစ်ခုကြားလိုက်ရတာကြောင့် မီးထိုးပြီးထရှာကြည့်ခဲ့ပါတယ်။

ကြားခဲ့တဲ့အသံက ဘီယာဗူးတွေကို ရအောင်ဖောက်ပြီးသောက်နေတဲ့ တောဝက်တစ်ကောင်ဆီက ထွက်နေတာဖြစ်ကြောင်း အံသြဖွယ်တွေ့လိုက်ရ

သူကြားခဲ့တဲ့အသံက ဘီယာဗူးတွေကို ရအောင်ဖောက်ပြီးသောက်နေတဲ့ ဝက်တစ်ကောင်ဆီက ထွက်နေတာဖြစ်ကြောင်း အံသြဖွယ်တွေ့လိုက်ရပါတယ်။ ကံမကောင်းတာကတော့ သူမြင်တဲ့အချိန်မှာ ဝက်ကလေးက နောက်ဆုံးဘီယာဗူးကိုတောင်သောက်ပြီးနေပါပြီ။

အကြိုက်သောက်ထားပြီး ထွေနေတဲ့ဒီတောဝက်လေးက နွားတစ်ကောင်နဲ့လည်း တိုက်ခိုက်ရန်ဖြစ်ခဲ့

ဘီယာတွေကုန်သွားချိန်မှာ အဲဒီသတ္တဝါလေးက အမှိုက်ပုံတွေရှိရာဘက်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပါတယ်။ အကြိုက်သောက်ထားပြီး ထွေနေတဲ့ဒီဝက်ကလေးဟာ နွားတစ်ကောင်နဲ့လည်း တိုက်ခိုက်ရန်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက်တော့ စမ်းချောင်းတစ်ခုရှိတဲ့ဘက်ကိုဆင်းသွားခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ရသူရဲ့ ပြောပြချက်အရ သိခဲ့ရပါတယ်။

ဗီဒီယိုလေးကိုတော့ အောက်ကလင်ခ့်မှာကြည့်လို့ရပါတယ်။

https://bit.ly/2WVOeIg

Ref: healthyfoodhouse “Pig steals 18 beers for campers, gets drunk and starts a fight with cow”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top