ဩဇာပါဝါအရှိဆုံးဖြစ်တဲ့ နိုင်ငံကူးလက်မှတ်စာရင်း

20170530_large.jpg

ကမ္ဘာပေါ်က နိုင်ငံကူးလက်မှတ်တွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ တခြားနိုင်ငံတွေကို လွယ်လွယ်ကူကူသွားနိုင်တဲ့အပေါ်မှာ မူတည်ပြီးတော့ ဩဇာအရှိန်အဝါ ဘယ်လောက်ရှိလဲဆိုတာကို ဆုံးဖြတ်ကြပါတယ်။

ဂျာမနီနဲ့ စင်ကာပူ နိုင်ငံကူးလက်မှတ်တွေက ထိပ်ဆုံးအဆင့် ၁ မှာ ရပ်တည်နေပြီးတော့ ကမ္ဘာ့နိုင်ငံ ၁၉၆ နိုင်ငံအနက် ၁၅၉ နိုင်ငံကို ဗီဇာလျှောက်ထားစရာမလိုဘဲ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာနဲ့ သွားနိုင်ပါတယ်။ ဒုတိယနေရာမှာတော့ ဆွီဒင်နဲ့ တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်ပါ။ ၁၅၈ နိုင်ငံကို အလွယ်တကူသွားနိုင်ပါတယ်။ တတိယနေရာမှာတော့ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ နော်ဝေ၊ ဂျပန် ၊ အီတလီနဲ့ စပိန်တို့ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဗီဇာမလိုဘဲ သို့မဟုတ် ဆိုက်ရောက်ဗီဇာနဲ့ ၇၂ နိုင်ငံကို သွားနိုင်တဲ့အတွက် အဆင့် ၅၆မှာ ရပ်တည်နေပါတယ်။

မြန်မာကတော့ အဆင့် ၉၃ နေရာသာရှိတဲ့ ဒီအမှတ်စဉ်မှာ အဆင့် ၈၃ မှာ နေရာယူထားပါတယ်။  ဗီဇာကြိုတင်မလျှောက်ထားဘဲ ၄၁ နိုင်ငံကို သွားနိုင်ပါတယ်။ မလေးရှားနိုင်ငံကလွဲ၍ အရှေ့တောင်အာရှနိုင်ငံတွေကို မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေက ဗီဇာမလိုဘဲ သွားနိုင်ပါတယ်။ အီကွေဒေါ၊ဟေတီ တို့လို့ နိုင်ငံတွေကို သွားမယ်ဆိုရင် ဗီဇာမလိုပါဘူး။ တချို့နိုင်ငံတွေကတော့ လေဆိပ်ရောက်မှ ဆိုက်ရောက်ဗီဇာ သို့မဟုတ် e-Visa လုပ်ခွင့်ပေးထားပါတယ်။

မြောက်ကိုရီးယားနဲ့ အီသီယိုပီးယားကတော့ အဆင့် ၈၄ နဲ့ ၈၅ မှာ နေရာယူထားကြပါတယ်။ စစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်တို့လို့ နိုင်ငံတွေက နောက်ဆုံးအမှတ်စဉ်မှာ ရှိနေကြပါတယ်။

Ref: Passport Index 2017

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top