4G စနစ် စတင်လိုက်တဲ့ MPT

4G_Banner_Image@2x-1140x400.jpg

ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT ဟာ 4G ဝန်ဆောင်မှုစနစ်ကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။

4G/LTE ကွန်ရက်ကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကနဦး အသုံးပြုနိုင်မှာဖြစ်ပြီး များမကြာမီကာလမှာ အခြားမြို့တွေမှာလည်း အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ MPT က ထုတ်ပြန်ထားပါတယ်။

LTE (Long Term Evolution)ဟာ 3G ထက်ပိုမြန်သော ဒေတာအမြန်နှုန်းရှိတဲ့4G/LTE အမျိုးအစားဖြစ်ပြီး ဒေတာများကို မြန်ဆန်စွာ အသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။

4G စနစ်ကို သုံးစွဲလိုသူတွေကတော့ ဖုန်း setting တွင် 4G/LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားရမှာဖြစ်ပြီး MPT ၏ 4G/LTE ကွန်ရက်ရသော နေရာကိုရောက်လျှင် မိုဘိုင်းလ်ဖုန်းများက 4G/LTE ကွန်ရက်ကို အလိုအလျောက် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

4G စနစ်သစ်အတွက် ဈေးနှုန်းတွေပြောင်းလဲမှာဟုတ်ဘဲနဲ့ Colorful Data Pack  အစီအစဉ်၊ ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုဈေးနှုန်းအတိုင်းပဲ ကောက်ခံသွားမယ်လို့ MPT-KSGM Joint Operations ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Mr. Toshitake Amamiya က ပြောပါတယ်။

4G စနစ်ကို အသုံးပြုနိုင်တဲ့ဖုန်းများနဲ့ ဆင်းမ်ကတ်တွေ အသုံးပြုနေတဲ့ MPT သုံးစွဲသူအားလုံးမှာ  4G/LTE ဝန်ဆောင်မှုကို  အသုံးပြုနိုင်မှာဖြစ်ပါတယ်။

GSM (2G/3G)  ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူများကလည်း 4G ဆင်းမ်ကတ်အဟောင်းများအစား နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT ဆိုင်များတွင် 4G သုံးနိုင်တဲ့ နံပါတ်တူ ဆင်းမ်ကတ်အသစ်များ အခမဲ့လဲလှယ်နိုင်မှာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top