အီတလီနိုင်ငံမှ မြို့ပြသစ်ပင်အိမ်

23.8.23-yyl-6.jpg

ဒီအဆောက်အအုံကို မြို့ပြသစ်ပင်အိမ်လို့ လူသိများတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ တည်ရှိပြီး အီတလီဗိသုကာပညာရှင် လူစီယာနိုပီယာက ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာပါ။ လူသားနဲ့ သဘာဝတရား ယှဉ်တွဲနေထိုင်မှုကို ပုံဖော်ဖန်တီးဖို့ ရည်ရွယ်ပါတယ်။

25 Verde လို့ အမည်ပေးထားတဲ့ ၅ ထပ်တိုက်မှာ သံမဏိတိုင်တွေကို သစ်ပင်ပင်စည်တစ်ခုလို ပုံဖော်ထားပြီး သစ်ပင်ငယ်ပေါင်း ၁၅၀ ထည့်သွင်းတည်ဆောက်ခဲ့တာပါ။ သစ်ပင်တွေကြောင့် အဲဒီအဆောက်အအုံမှာ နေထိုင်သူတွေ လေကောင်းလေသန့် ရရှိစေပြီး တောအုပ်ထဲမှာ နေရသလို ခံစားမှုမျိုးလည်း ရရှိစေပါတယ်။ ၂၀၁၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တာပါ။

Ref: Urban Treehouse Uses 150 Trees To Protect Residents From Noise And Pollution

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top