သူ့ကောင်မလေးက ကိုယ်ဝန်ဆောင်ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ အစားရိုက်လိုက်ရတဲ့ အမျိုးသား

5cz13-guy-does-maternity-shoot-after-girlfriend-forgets-5.jpg

သူ့ရဲ့ကောင်မလေးဖြစ်သူဟာ ဓာတ်ပုံဆရာတစ်ယောက်ဆီ ဓာတ်ပုံရိုက်ဖို့ ဘွတ်ကင်လုပ်ပြီးမှ အဲ့ဒီနေ့မှာ သူ့ကောင်မလေး ဓာတ်ပုံရိုက်ဖို့ မဖြစ်နိုင်မှန်းသိလို့ သူကိုယ်တိုင်ပဲ “အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင်ချိန်” ဆိုပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ ရေပန်းစားသွားပါတယ်။

Nick Robert က “ကျွန်တော့် ကောင်မလေးကအဲ့ဒီနေ့မှာ ကိုယ်ဝန်ဆောင်ချိန်အမှတ်တရ ဓာတ်ပုံရိုက်မယ်လို့ပြောပြီး မေ့သွားလို့ နောက်ထပ် အလုပ်တစ်ခုလုပ်ဖို့ စီစဉ်မိသွားတယ်။ အဲ့ဒါကြောင့် ဓာတ်ပုံဆရာက ကျွန်တော့်ကို သူ့အစားရိုက်ပေးလိုက်တာပါ။” လို့ ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တာနဲ့ နည်းနည်းလေးတူအောင် ကျွန်တော်တို့ ဓာတ်ပုံရိုက်မယ့်နေရာမှာ McDonald ကအစားအသောက်တွေ ယူသွားပြီး စားသောက်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင်တော့ ဓာတ်ပုံရိုက်မယ့် နေရာ၊ အပြင်အဆင်တွေနဲ့ ချိစ်ဘာဂါတွေအများကြီးက ကျွန်တော့်ကို ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ ပိုတူသွားစေတာပါ။” ဆိုပြီးတော့လည်း ပြောထားသေးပါတယ်။

“ကျွန်တော် ကလေးမွေးရတဲ့ခံစားချက်ကို ကျွန်တော် မခံစားဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားနဲ့ ခံစားပါတယ်။ အသင့်အစားအစာတွေကို အများကြီးစားတာနဲ့တော့ သိပ်ကွာမှာ မဟုတ်ပါဘူး။ အခုလိုအမြင်ကျယ်သွားစေတဲ့ အတွေ့အကြုံအတွက် ကျွန်တော် ကျေနပ်ပါတယ်။” လို့လည်း ဆိုထားပါသေးတယ်။

Ref : SunnySky : His Girlfriend Forgot About Her Maternity Shoot

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top