၃ မိုင်လောက်ပဲ ကွာဝေးပေမဲ့ အချိန် ၂၂ နာရီကွာတဲ့ မနေ့ကကျွန်းနဲ့ မနက်ဖြန်ကျွန်း

island.webp

ပုံမှာ မြင်ရတဲ့ ကျွန်းနှစ်ကျွန်းက ၅ ကီလိုမီတာ (၃ မိုင်) လောက်ပဲ ဝေးပြီး ဆောင်းရာသီ ရေခဲသွားတဲ့အချိန်တွေမှာ လမ်းလျှောက်သွားရင် ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ရောက်ဖို့ ၁ နာရီလောက် ကြာပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့ ကျွန်းနှစ်ကျွန်းကြား အချိန်ကွာခြားမှုက ၂၁ နာရီအထိ ရှိနေတာပါပဲ။

ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရက်သတ်မှတ်ရေးမျဉ်းရဲ့ တစ်ဖက်တစ်ချပ်စီမှာ ရှိနေတာကြောင့်ပါပဲ။ ပိုကြီးတဲ့ကျွန်းဟာ ရုရှားနိုင်ငံပိုင်နက်ထဲမှာရှိနေပြီး သေးငယ်တဲ့ကျွန်းကတော့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ရှိနေတာပါ။

အချိန်ကွာခြားမှု တစ်ရက်နီးပါးရှိတာကြောင့် ရုရှားနိုင်ငံပိုင် ကျွန်းကို မနက်ဖြန်ကျွန်း (Tomorrow’s Big Diomede Island)၊ အမေရိကန်နိုင်ငံပိုင် ကျွန်းကို မနေ့ကကျွန်း(Yesterday’s Little Diomede Island) လို့ အမည်ပေးထားပါတယ်။

Ref : Yesterday’s Little Diomede Island and Tomorrow’s Big Diomede Island.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top