ဖခင်နဲ့မင်္ဂလာဆောင်ခဲ့တဲ့ ကင်ဆာရောဂါသည်ကလေးငယ် ကွယ်လွန်

father-1.gif

ဖခင်ဖြစ်သူနဲ့ လက်ထပ်ပွဲကျင်းပခဲ့တဲ့ တစ်နှစ်အရွယ်မိန်းကလေးငယ်ဟာ ကင်ဆာရောဂါကြောင့် မေလ ၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မိုင်ဘားနတ်လို့ အမည်ရတဲ့ကလေးငယ်ဟာ ဦးနှောက်မှာအကြိတ်တည်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ ဆရာဝန်တွေက နောက်ထပ်နှစ်ရက်ပဲ မိုင်ဘားနတ်အသက်ရှင်တော့မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ မိုင်ဘားနတ်ရဲ့ မိဘတွေက သူတို့သမီးကို ခံရခက်တဲ့ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ထပ်မကုဖို့ဆုံးဖြတ်ပြီး အိမ်ပြန်ခေါ်သွားခဲ့ပါတယ်။

မိုင်ဘားနတ်ဟာ မင်္ဂလာဆောင်ကျင်းပချင်တဲ့အတွက် သူ့သမီးစိတ်ဆန္ဒပြည့်ဝအောင် သူ့ဖခင်ကသတို့သားလုပ်ပြီး မင်္ဂလာဆောင်အခမ်းအနား ကျင်းပပေးခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ လန်းလန်းဆန်းဆန်း ပြန်ဖြစ်ပြီး ရယ်မောဆော့ကစားခဲ့တဲ့ မိုင်ဘားနတ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက မကြာခဏအိပ်ခဲ့ပြီး သူ့မိဘတွေက သူတို့ရဲ့ ချစ်သမီး အသက်ဆက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သဘောပေါက်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ ဖခင်ကချီထားပြီး မိခင်ကဆံပင်တွေကိုသပ်ပေးနေတုန်း မိုင်ဘားနတ်ကွယ်လွန်သွားခဲ့တာပါ။ သူ့မိဘတွေက သူ့သမီးသေဆုံးရတာ အချည်းနှီးမဖြစ်အောင် မိုင်ဘားနတ်လို ဝေဒနာခံစားရတဲ့ကလေးငယ်တွေအတွက် ရန်ပုံငွေပိုရအောင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top