အာရှမှာ ဖက်ရှင်အလန်းဇယားတွေနဲ့ ကျော်ကြားတဲ့ မြို့ကြီး (၅) မြို့

40239967_1158612294290515_7316476848865542144_n.jpg

အာရှတိုက်ဟာ ကမ္ဘာ့အဆင့်မီ မြို့ကြီးများစွာ တည်ရှိရာနေရာ ဖြစ်ပါတယ်။ တိုကျိုနဲ့ ဘန်ကောက်လို မြို့ကြီးတွေကနေ ဒူဘိုင်းလိုမြို့ကြီးအဆုံး ကြည့်လိုက်မယ်ဆိုရင်

အာရှတိုက်ရဲ့ ဆန်းသစ်မှုတွေကို ဖွေရှာတွေ့ရှိမှာပါ။ အာရှမြို့ကြီးတွေမှာ နည်းပညာ၊ အစားအသောက်နဲ့ သယ်ယူပို့ဆောင်ရေးတွေအပြင် ဖက်ရှင်ပိုင်းမှာလည်း ကမ္ဘာ့ထိပ်တန်းရပ်တည်နေနိုင်တဲ့ မြို့ကြီး ၅ မြို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရှန်ဟိုင်း

ရှန်ဟိုင်းကတော့ အာရှတိုက်ရဲ့ ဖက်ရှင်မြို့တော်လို့လည်း ဆိုလို့ရပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း ထိပ်တန်းဆယ်နိုင်ငံစာရင်းဝင် ဖြစ်ပါတယ်။ ပြည်တွင်းဒီဇိုင်နာတွေဖြစ်တဲ့ ဟယ်လန်လီ၊ ခရစ္စတင်းလောင်နဲ့ မာရှာမာ တို့လို ဒီဇိုင်နာတွေကြောင့် ဒီလိုမျိုး ကျော်ကြားတယ်လို့လည်းပြောလို့ရပါတယ်။ ဒီဇိုင်းပညာမှာ ရှေ့ပြေးနေတဲ့ ရှန်ဟိုင်းက ပြိုင်ဖက်တွေဖြစ်တဲ့ တိုကျိုနဲ့ စင်္ကာပူတို့ကို ကျော်တက်ပြီး အာရှရဲ့ ဖက်ရှင်မြို့တော်ဘွဲ့ကို ခံယူထားတာ ဖြစ်ပါတယ်။

တိုကျို

၂၀၁၅ ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ တိုင်းတာချက်နဲ့ အကောင်းဆုံးဖက်ရှင်မြို့တော်ဆုကို ရရှိထားတဲ့ အာရှမြို့က တိုကျို ဖြစ်ပါတယ်။ အရှေ့နဲ့အနောက် ယဉ်ကျေးမှုတွေကို ပေါင်းစပ်ထားပြီး ဆန်းပြားတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့ မြို့ပြဆန်တဲ့ အနုပညာလက်ရာတွေက ကျိန်းသေပေါက် ထူးခြားတဲ့ဖက်ရှင်မြို့ကြီး ဖြစ်နိုင်တဲ့ အလားအလာကောင်းတွေကို ပေးစွမ်းနေတာပါ။

ဒူဘိုင်း

ဒူဘိုင်းမြို့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ စတိုင်အလန်းဇယားတွေနဲ့ ဖက်ရှင်လက်ရာ တိုးတက်လာမှုတွေက ခေတ်မီတဲ့ ဗိသုကာ လက်ရာတွေနဲ့လည်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဖက်ရှင်မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှုနဲ့ အနုပညာ တီထွင်ဆန်းသစ်နိုင်မှု အနေအထားမှာရှိတဲ့ ဒူဘိုင်းမြို့ကြီးက ပြိုင်ဖက်တွေကြားမှာ ဖက်ရှင်မြင်ကွင်းတွေ ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

စင်္ကာပူ

ကမ္ဘာ့အကောင်းဆုံး ဈေးဝယ်ထွက်လို့ကောင်းတဲ့ မြို့ကြီးဖြစ်ပြီး နိုင်ငံတကာ ဖက်ရှင်တံဆိပ်တွေကို အဓိကတင်သွင်းရာလည်းဖြစ်လို့ စင်္ကာပူနိုင်ငံရဲ့ ပြည်တွင်း ဖက်ရှင်နဲ့ ဒီဇိုင်းလုပ်ငန်းကလည်း ကြီးထွားနေတာ ဖြစ်ပါတယ်။ စင်္ကာပူရဲ့ ရေပန်းအစားဆုံး ဖက်ရှင်တံဆိပ်တွေကတော့ Aijek၊ Cruise နဲ့ Esse တို့ပဲ ဖြစ်ပါတယ်။

ဆိုးလ်

အာရှရဲ့ တက်သစ်စဖက်ရှင်မြို့တော် ဆိုးလ်ရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာထင်ရှားမှုတွေကြောင့် တောင်ကိုရီးယားဖက်ရှင်တွေက နိုင်ငံတကာအဆင့်အတန်းမီတယ် ဆိုတာကို ပြသနိုင်နေပါတယ်။ D.Gnak နဲ့ Wooyoungmi တို့လို အနောက်တိုင်းစတိုင်နဲ့ လိမ်ယှက်ထားတဲ့ ဖက်ရှင်တံဆိပ်တွေက ဆိုးလ်ဖက်ရှင်ရက်သတ္တပတ်တွေမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံရတာ ဖြစ်ပါတယ်။

Ref: 5 most fashionable cities in Asia

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top