ဖခင်ရဲ့ အရိုးပြာကို လေယာဉ်နဲ့ ကြဲချနေရင်း လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရသူ

40141384_1962872837102180_2494500465597743104_n.jpg

အမေရိကန်နိုင်ငံမှာ ဖခင်ဖြစ်သူရဲ့ အရိုးပြာတွေကို အင်ဂျင်တစ်လုံးတပ်လေယာဉ်ပေါ်ကနေ ကြဲဖြန့်ပေးခဲ့တဲ့ သားဖြစ်သူဟာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ဘက်လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ စကော့လန်ဒစ်ဟာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း ညီဖြစ်သူနဲ့အတူ လေယာဉ်ပေါ်ကနေ အရိုးပြာတွေကို မက်ဆာချူးဆက်ပြည်နယ်မှာ ကြဲဖြန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်မှာ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်လေးကို မောင်းနှင်လာခဲ့တဲ့ စကော့လန်ဒစ်ဟာ ကရန်လန်းလေဆိပ်နားအရောက်မှာ အဲဒီလေယာဉ်ငယ်ပျက်ကျခဲ့ပြီး အသက်ဆုံးသွားခဲ့ရတာပါ။

စကော့နဲ့အတူ ညီဖြစ်သူ ပက်ထရစ်လန်ဒစ်လည်း လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့သေးပြီး ပက်ထရစ်ကတော့ အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ စကော့ကတော့ ဆေးရုံရောက်ပြီးချိန်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ စကော့ဟာ ဖခင်ရဲ့ နာရေးကြောင့် ခွင့်နဲ့ ပြန်လာချိန်မှာ ဖခင်ဖြစ်သူ အရိုးပြာကို လေယာဉ်နဲ့ ကြဲချနေချိန်မှာ အခုလို လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Reuters “son was killed in plane crash on trip”

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top