စတော်ဘယ်ရီသီးကို ကိုယ်အလေးချိန်ချနေသူတွေ ဘာကြောင့်စားပေးသင့်လဲ

yyl-034-3.jpg

သစ်သီးတွေက ကိုယ်အလေးချိန်ချနေတဲ့သူတွေ အတောင့်တဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုလူတွေက သစ်သီးတွေကို အများဆုံးစားပြီး ကိုယ်အလေးချိန်ကျအောင်လုပ်နေကြတာပါ။ သစ်သီးတွေက ကိုယ်အလေးချိန်ကျအောင်လုပ်ပေးရုံသာမက ရောဂါအမျိုးမျိုးဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးတဲ့ အာဟာရဓာတ်များစွာနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။ ကိုယ်အလေးချိန်ချတာနဲ့ သစ်သီးအကြောင်းပြောတဲ့အခါ စတော်ဘယ်ရီသီးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဒီအနီရောင်အသီးလေးက အန်တီအောက်စီဒန့်နဲ့ anti-inflammatory အင်ဇိုင်းဓာတ်တွေပါဝင်သလို အမျှင်ဓာတ်လုံလုံလောက်လောက်ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်တက်ခြင်းကနေ ကာကွယ်ပေးတဲ့အပြင် ဝမ်းမှန်အောင်လည်း ကူညီပေးပါတယ်။

စတော်ဘယ်ရီသီးရဲ့အာဟာရဓာတ်များ
စတော်ဘယ်ရီးသီး (၁၀၀) ဂရမ်မှာ အာဟာရဓာတ်ပါဝင်မှုတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
ကယ်လိုရီ (၃၃ရာခိုင်နှုန်း)
ရေပါဝင်မှု (၉၁ရာခိုင်နှုန်း)
ပရိုတင်း (ဝ.၇ ဂရမ်)
ကာဗွန်ဟိုက်ဒရိုတ် (၇.၇ ဂရမ်)
သကြား (၄.၉ ဂရမ်)
အမျှင် (၂ ဂရမ်)
အဆီဓာတ် (ဝ.၃ ဂရမ်)

တစ်နေ့တာအစားအသောက်မှာ စတော်ဘယ်ရီသီးပါဝင်သင့်တဲ့အကြောင်းအရင်း

ဝမ်းမှန်ခြင်း

စတော်ဘယ်ရီသီးက အစာခြေစနစ်ကို ကောင်းစေတဲ့ အမျှင်ဓာတ်လုံလုံလောက်လောက်ပါဝင်ပြီး ဝမ်းသွားမှန်အောင် ကူညီပေးပါတယ်။ စတော်ဘယ်ရီတစ်ပန်းကန်ကို နေ့တိုင်းစားပေးခြင်းက ဗိုက်ကအဆီတွေချတဲ့နေရာမှာ ထိရောက်မှုရှိစေပါတယ်။ အမျှင်ဓာတ်က သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်အင်စေပြီး အဆီများတဲ့အစားအစာတွေ တောင့်တခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ခြင်း

စတော်ဘယ်ရီသီးက adiponectin နဲ့ leptin လို့ခေါ်တဲ့ အရေးကြီးတဲ့ဟော်မုန်းနှစ်မျိုးထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ဒီဟော်မုန်းနှစ်ခုလုံးက အဆီတွေလောင်ကျွမ်းကူညီပေးပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။

ကယ်လိုရီပမာဏနည်းခြင်း

စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီပမာဏ (၃၃) သာပါဝင်ပါတယ်။ ကယ်လိုရီပမာဏနည်းတဲ့အတွက် ကိုယ်အလေးချိန်ကျချင်တဲ့သူတွေရဲ့ ကြိုက်နှစ်သက်ဆုံးအသီးတွေထဲက တစ်ခုဖြစ်စေပါတယ်။

ကြွက်သားတွေပြန်လည်ကောင်းမွန်လာခြင်း

စတော်ဘယ်ရီသီးရဲ့ anti-inflammatory ဂုဏ်သတ္တိတွေက Workout လုပ်တာများသွားတဲ့ ကြွက်သားတွေကို ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ချနေတဲ့သူတွေက စတော်ဘယ်ရီသီးကို ဒိန်ချဉ်နဲ့တွဲစားလို့ရသလို ဖျော်ရည်အနေနဲ့လည်း လုပ်သောက်လို့ရပါတယ်။ ဒါပေမဲ့ သင့်ရဲ့ကိုယ်အလေးချိန်ချတဲ့အစီအစဉ်မပျက်စီးသွားအောင် စတော်ဘယ်ရီသီးကို အလွန်အကျွံမစားမိဖို့တော့ အရေးကြီးပါတယ်။

Ref: 5 reasons why you should eat strawberries when trying to lose weight

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top