အိုင်းစတိုင်း (Einstein) ဟာ ဘာသာမဲ့ (Atheist) တစ်ယောက်လား

Einsteins_Letters.JPEG-0afa3_c0-278-3000-2027_s885x516.jpg

ကားလ်စေဂန် (Carl Sagan) ကနေစလို့ စတီဖင်ဟော့ကင်း (Steven Hawking) တို့ နေးလ် ဒီဂရက်ဆီ တိုင်ယ်ဆွမ် (Neil deGrasse Tyson) တို့ထိတိုင် လူတွေဟာ စကြဝဠာအကြောင်းကို ဒီသိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့

ပိုမိုနားလည်လာကြပါတယ်။ အဲဒီနောက် လူတွေသိလိုတဲ့အချက်က သူတို့ရဲ့ ဘာသာရေးအမြင်တွေဖြစ်ပါတယ်။

ဟော့ကင်း (Hawking) ကတော့ ပြတ်ပြတ်သားသားပဲ သူဟာ ဘာသာမဲ့(Atheist)တစ်ယောက်ဖြစ်ကြောင်း (2014 တုန်းက) ပြောဆိုခဲ့ပါတယ်။ စေဂန် (Sagan) ကတော့ ”ဘာလို့ အတင်းလုပ်ထားတဲ့ သက်သေတွေ မဟုတ်တဲ့ ရိုးရှင်းတဲ့ အချက်တွေကို မစောင့်နိုင်ရမှာတုန်း” လို့မေးခဲ့ပါတယ်။ (ရှိပြီးသားအချက်တွေကို သူမယုံပါဘူး)။ တိုင်ဆွန်(Tyson) ကတော့ “ဘုရားသခင်ရဲ့ တည်ရှိမှုဟာ အခြားသော သိပ္ပံဆိုင်ရာ အဆိုကြမ်းတွေလိုပါပဲ” လို့ဆိုခဲ့ပါတယ်။ (သက်သေမပြနိုင်သေးတဲ့အထိလက်ခံလို့ မရ)။ ဒါဆိုရင် အိုင်းစတိုင်းကရော ဘာပြောခဲ့ပါသလဲ။ သူ့ရဲ့ထင်ရှားတဲ့ အဆိုအမိန့် တော်တော်များများက ဘာသာရေးနဲ့ ဆက်နွယ်နေပေမယ့် ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမြင်ကတော့ အနည်းငယ် ထူးဆန်းနေပါတယ်။

“ဘာသာရေးအမြင်မပါတဲ့ သိပ္ပံပညာဟာ ဒုက္ခိတ ဖြစ်ပြီး သိပ္ပံအမြင်မပါတဲ့ ဘာသာရေးကတော့ အကန်း ဖြစ်တယ်” လို့ဆိုခဲ့တဲ့ အိုင်းစတိုင်းရဲ့ စကားကြောင့် သူဟာ ဘာသာရေးသက်ဝင်သူလို့ သင်တို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမဲ့ သူက “ဒီလို ဟန်ချက်ညီနေတဲ့ အာကာသအကြောင်းကို ကျွန်ုပ်ရဲ့ အကန့်အသတ်ရှိတဲ့ လူသားစိတ်နဲ့နားလည်သလိုပြောရရင် ဘုရားသခင် မရှိဘူး လို့ ယုံကြည်နေတဲ့လူတွေ ရှိနေကြပြီးတော့ သူတို့ရဲ့ အမြင်ကို ခိုင်မာစေဖို့ ကျွန်ုပ်ရဲ့ အတွေးတွေကို အသုံးပြုတာဟာ ကျွန်ပ်ကို ဒေါသဖြစ်စေပါတယ်။ ကျွန်ပ်သိချင်တာက ဘုရားသခင်ဟာ ဒါတွေအကုန်လုံးကို ဘယ်လို ဖန်တီးခဲ့သလဲ ဆိုတာကိုပါပဲ။ ရေ၊မြေ၊လေ၊မီး ဓာတ်ကြီးလေးပါး တွေကို မဆိုလိုပါဘူး။ သူရဲ့အတွေးတွေကိုပဲ သိချင်တာဖြစ်ပါတယ်။ ကျန်တာတွေက သိပ်အရေးမပါလှဘူး” လို့ပြောခဲ့ပါတယ်။

သူဘဝရဲ့နေဝင်ချိန်မှာ ဂျူး (Jew) ဘာသာနဲ့ ရေးခဲ့တဲ့စာတမ်းတစ်ခုက သူရဲ့ သဘောထားကို သိသာစေပါတယ်။”ဘုရားသခင်ဆိုတဲ့ စကားလုံးက ကျွန်ုပ်အတွက်တော့ အားနည်းတဲ့လူသားတွေရဲ့ ဖန်တီးဖော်ပြမှုတစ်ခုသာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ (Bible) ဆိုတာက ရယူမှတ်သားဖို့ထိုက်တန်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ အခြေခံအကြမ်းစားအဆင့် (တော်တော်လေး ကလေးကလားဆန်တဲ့ ဒဏ္ဍာရီ ရိုးရာပုံပြင်) လောက်ပဲရှိပါတယ်။ ဘယ်လိုကောက်ချက်မျိုး၊ ဘယ်လို သိမ်မွေ့တဲ့ ဆွဲဆောင်မှုမျိုးကမှ ကျွန်ုပ်ကို မပြောင်းလဲနိုင်ပါဘူး” လို့ပြောခဲ့ပါတယ်။ ဒါကို သူဟာ သူမကွယ်လွန်မီ တစ်နှစ်က 1954 ဇန်နဝါရီလမှာ ရေးခဲ့တာဖြစ်ပါတယ်။

အဲဒီတော့ သင့်အနေနဲ့ အိုင်းစတိုင်းရဲ့ ဘာသာရေးအမြင်နဲ့ ဆန့်ကျင်နေပါသလား။ ဒါဆိုရင် 1941 မှာ သူရေးခဲ့တဲ့ သိပ္ပံပညာ၊အတွေးအခေါ် နဲ့ ဘာသာရေးတို့ ရေနှောပါဝင်နေတဲ့ “Science without Religion” ကိုလေ့လာကြည့်ပါ။ အဲဒီထဲမှာ သူ့ရဲ့အမြင်တွေကို ရှင်းရှင်းလင်းလင်းပြောပြထားပါတယ်။ သိပ္ပံပညာနဲ့ ဘာသာရေးဟာ ဆန့်ကျင်ဘက်အရာတွေမဟုတ်ဘူး၊ သိပ္ပံပညာက ဘယ်အရာကတော့ ဘယ်လိုဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအောင်လေ့လာရတာဖြစ်ပြီး ဘာသာရေးကတော့ လူသားတွေရဲ့ အတွေးအမြင်တွေနဲ့ အပြုအမူတွေကို တန်ဖိုးဖြတ်ထားခြင်းဖြစ်တယ်။ သိပ္ပံပညာနဲ့ ဘာသာရေးဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် အမှီပြုနေတယ်။ သိပ္ပံပညာဆိုင်ရာ နည်းဥပဒေသတွေက ဘာသာရေးကို ၎င်းရဲ့ ပန်းတိုင်ရောက်စေဖို့ ကူညီပေးပြီး သိပ္ပံပညာကို ဖန်တီးနိုင်ဖို့တော့ အမှန်တရားကို ရှေ့ရှူခြင်းနဲ့ နားလည်ခြင်း ဆိုတာတွေလိုအပ်မှာ ဖြစ်ပါတယ်။ ဒါက ဘာသာရေးအပေါ် အိုင်းစတိုင်းရဲ့ အမြင်တွေပါ။

“အကယ်၍ ကျွန်ုပ်သာ ဘုရားသခင်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိလိမ့်မယ်။ စကြဝဠာကို ဘယ်လိုမျိုး ဖန်တီးခဲ့လိမ့်မလဲပေါ့” သူပြောချင်တာက အဆုံးမရှိ တန်ခိုးတော်အားဖြင့် ဖန်တီးခဲ့တာကို မဆိုလိုဘဲ တိကျတဲ့ သိပ္ပံပညာဆိုင်ရာ ဥပဒေသ နည်းလမ်းတွေနဲ့ တည်ရှိပြီးသား စကြဝဠာကြီးကို ပိုမိုပြည့်စုံအောင် ဖန်တီးချင်တာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သူ့ကို စေဂန် (Sagan) လို ဘုရားတရားမယုံကြည်သူ (Agnostic) အဖြစ် မှတ်ယူလို့ရပါတယ်။ ဒါပေမဲ့ သူဟာ ပြည့်ပြည့်ဝဝယုံကြည်သူလည်း မဟုတ်သလို ဆုတောင်းမှုပြုတတ်တဲ့ ယုံကြည်သူတစ်ယောက်လည်း မဟုတ်ပါဘူး။

Refrence: Curiosity ”Was Albert Einstein an Atheist?”

Zuluu(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top