လုပ်ငန်းခွင်မှာ ထုတ်မပြောသင့်တဲ့အကြောင်းအရာတွေ

8-6-2020-yyl-044.jpg

SimplyHired ကနေ တိုးတက်လာတဲ့လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဘယ်လောက်သက်တောင့်သက်သာပြောဆိုနိုင်လာကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်အလုပ်သမား ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

အဲဒီအခါ အလုပ်ရှင်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတဲ့ အလုပ်သမားရာခိုင်နှုန်းဟာ ၈% သာရှိပြီး တော်တော်လေး နည်းနေတာကို တွေ့လာရပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ရှိနေပြီး ဆရာဝန်နဲ့ရက်ချိန်း (၃) ကြိမ်မြောက် ရောက်နေတာတောင်မှ အလုပ်ရှင်နဲ့ တိုက်ရိုက်မဆွေးနွေးပဲ ဖုံးကွယ်ထားကြတုန်းဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အရင်းနှီးဆုံးသူငယ်ချင်းကလွဲလို့ အလုပ်ခွင်မှာရှိတဲ့သူတိုင်းကို မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်တိုင်း ထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့ အပိုင်းတွေရှိပါတယ်။ ဒါကြောင့်မို့ အလုပ်ခွင်မှာ ဘယ်အရာကတော့ ပြောဖို့သင့်ပြီး ဘယ်အရာကတော့ မပြောသင့်ဘူးဆိုတဲ့ ရှောင်ရန်၊ ဆောင်ရန်လေးတွေကို ရိုးရာလေးပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဆရာဝန်ရက်ချိန်းနှင့် ကျန်းမာရေးပြဿနာများ

သင့်ရဲ့ကျန်းမာရေးပြသနာအသေးစိတ်ကို သင်နဲ့အလုပ်အတူတွဲလုပ်တဲ့သူတိုင်း သိစရာမလိုပါဘူး။ ကြီးမားတဲ့ ကျန်းမာရေးပြသနာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ကိုထောက်ခံပေးပြီး ကာဗာပေးနိုင်မယ့် အလုပ်ထဲက HR (သို့) Supervisor တွေကိုသာ နားလည်အောင်ရှင်းပြထားပါ။ သင်နဲ့အလုပ်တွဲလုပ်နေတဲ့သူတိုင်းကို ပြောပြနေစရာမလိုပါဘူး။ အကယ်၍ သင်ဟာဆရာဝန်နဲ့ ပုံမှန်ရက်ချိန်းရှိနေတယ်ဆိုရင်တော့ ခွင့်တစ်ရက်တင်ရုံနဲ့ တင်လုံလောက်ပြီး ကျန်းမာရေးပြဿနာ အသေးစိတ်ကို ရှင်းပြနေစရာမလိုပါဘူး။

၂။ မျက်ရည်မကျပါနဲ့

စိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့နေ့မျိုးမှာ သင်ငိုကြွေးဖို့ ပခုံးတစ်ဖက်လိုတယ်ဆိုရင်တော့ သင့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာ သင့်အလုပ်ကိုလာခိုင်းပြီး ရင်ဖွင့်လိုက်ပါ။ ရုံးမှာရှိတဲ့သူတွေအများကြီးကို သင်ဘယ်လိုခံစားနေရကြောင်း ရင်ဖွင့်တာက ကောင်းတဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ သင်အရမ်းငိုချင်လာတယ်ဆိုရင်တော့ အလုပ်ရှင်ဆီက တစ်ရှုးတောင်းနေမယ့်အစား ရုံးပြင်ထွက်ပြီး လမ်းခဏလျှောက်ရင်း ကိုယ့်စိတ်ကိုယ် ပြန်စုစည်းလိုက်ပါ။

၃။ အချိန်ပိုင်းအလုပ်များအကြောင်း

အချို့ကုမ္ပဏီတွေအတွက် အချိန်ပိုင်းအလုပ်လုပ်ခြင်းဟာ ကုမ္ပဏီရဲ့ပေါ်လစီကို ချိုးဖောက်ရာရောက်ကောင်းရောက်နေနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့အချိန်ပိုင်းအလုပ်ဟာ သင်အချိန်ပြည့်လုပ်နေတဲ့အလုပ်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မထိခိုက်ဘူးဆိုရင်တောင်မှပဲ ဒီအရာတွေနဲ့ပတ်သတ်ပြီး မကြာခဏပြောနေမယ်ဆိုရင်တော့ သင့်ရဲ့အလုပ်ရှင်သူဌေးက သင်ကတိပေးထားတဲ့ သူ့ရဲ့အလုပ်တွေပြီးပါ့မလားဆိုပြီး စိုးရိမ်လာနိုင်ပါတယ်။

၄။ ဘာသာရေး

သင်အလုပ်လုပ်မယ့်ကုမ္ပဏီရဲ့အလုပ်ရှင်တွေက ဘာသာရေးခွဲခြားမှုတွေ မရှိဘူးဆိုရင်တော့ သင်ခံယူထားတဲ့ဘာသာရေးအယူအဆတွေအကြောင်း ထုတ်ပြောပြနေစရာမလိုပါဘူး။ လိုအပ်မှသာ လုပ်ငန်းခွင်u မိတ်ဆွေတစ်ချို့ကို အသိပေးတဲ့အနေနဲ့ ပြောပြလိုက်ပါ။

၅။ ဆိုရှယ်မီဒီယာ

ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတွေကို သတိထားပြီး ပရိုကျကျရှယ်နေသ၍တော့ သင့်ရဲ့ဘော့စ်အပါအဝင် အလုပ်ထဲကသူတွေနဲ့ပါ ဘာပြသနာမှမရှိနိုင်ပါဘူး။ အလုပ်ထဲကသူတွေ သင့်ရဲ့အကောင့်မှာရှိနေတဲ့အတွက် စိတ်ကျဉ်းကျပ်တယ်လို့ ခံစားရရင်တော့ အင်စတာဂရမ် (Instagram)၊ တွစ်တာ (Twitter)၊ လိုင်း (Line) နဲ့ စနက်ချက်တ် (Snapchat) အစရှိတဲ့ အကောင့်တွေကို တစ်လှည့်စီပြောင်းအသုံးပြုပေးနိုင်ပါတယ်။

၆။ ရုံးတွင်းပိုင်းဆက်ဆံရေး

သင့်ရဲ့ကုမ္ပဏီက ဘယ်လိုကိစ္စရပ်တွေကို ခွင့်ပြုထားတယ်ဆိုတာ ထောက်လှမ်းပေးနေပါ။ အကယ်၍ ကုမ္ပဏီက သင့်ရဲ့ချစ်ရေးချစ်ရာကိစ္စရပ်တွေကို ထုတ်ဖော်ပြောကြားဖို့ခွင့်ပြုထားတယ်ဆိုရင်တော့ သင့်မှာချစ်သူ (သို့) အိမ်ထောင်ရှိတယ်ဆိုတာကို သိုဝှက်ထားစရာမလိုပါဘူး။

၇။ ကိုယ့်ရဲ့မကောင်းတဲ့ အလုပ်သမိုင်းကြောင်း

သင့်ကိုအလုပ်ခန့်လိုက်ပြီဆိုပါစို့။ ကုမ္ပဏီရဲ့ပေါ်လစီမှာ ပြီးခဲ့တဲ့အလုပ်က မိမိလုပ်ခဲ့မိတဲ့ အကျိုးဖျက်စီးမှုတွေအကြောင်း ပြောဖို့မတားမြစ်ထားဘူးဆိုရင်တော့ သင့်အနေနဲ့ အဆင်ပြေလောက်တဲ့ ပမာဏအထိ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်။

၈။တခြားဝန်ထမ်းတွေအတွက်လည်း သင့်မှာတာဝန်ရှိပါတယ်

တစ်ခါတစ်လေမှာ လျှို့ဝှက်ချက်တွေက ထုတ်ပြောလို့ကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ အကယ်၍ လုပ်ငန်းတူဝန်ထမ်းတွေရဲ့လျှို့ဝှက်ချက်ဟာ ကုမ္ပဏီကိုထိခိုက်စေနိုင်တယ်ဆိုရင်တော့ ဘောစ့်ကိုအသိပေးဖို့အတွက် သင့်မှာတာဝန်ရှိပါတယ်။ သင်နဲ့အလုပ်တွဲလုပ်တဲ့ ဝန်ထမ်းဟာ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကို ခိုးယူနေတယ် ဒါမှမဟုတ် အလွဲသုံးစာပြုလုပ်နေတယ်ဆိုရင်တော့ အမှန်တရားကိုပြောပြပြီး ဟီးရိုးသာလုပ်လိုက်ပါ။

 

Ref : https://www.brit.co/things-that-should-be-a-secret-at-work/

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top