ကိုယ်ကျင့်တရားမကောင်းကြောင်း ပြသနေတဲ့ အချက်များ

professional-woman.jpg

လောကမှာ လူအမျိုးမျိုးအဖုံဖုံ စရိုက်အမျိုးမျိုးရှိသူတွေ ရှိတတ်ကြပါတယ်။ ကောင်းတဲ့သူ ရှိသလို ဆိုးသွမ်းသူလည်း ရှိတာပါပဲ။ အချို့သော သူတွေကိုတော့ သာမန်ကြည့်ရုံနဲ့ ကိုယ်ကျင့်တရား ကောင်း/မကောင်းကို သိနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့်မို့ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား ကောင်း/မကောင်းကို ဒီအချက်လေးတွေနဲ့ ယေဘုယျ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကတိချိုးဖောက်သူများ

တစ်စုံတစ်ခုကို ချိုးဖောက်ပြီး ဝန်ခံထုတ်ဖော်ပြောဆိုခြင်း မရှိသူများဖြစ်ပါတယ်။

၂။ အကာအကွယ်လုပ်လွန်းသည့် သူများ

တကယ်တော်၊ တကယ်ထက်မြက်သူတွေဟာ သူတို့ဘယ်လောက် တော်ကြောင်း၊ ထက်မြက်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါဘူး။ ယုံကြည်ရတဲ့လူတွေဟာ သူတို့ဘယ်လောက် တည်ကြည်သိက္ခာရှိကြောင်း ထုတ်ဖော်မပြောဆိုတတ်ပါဘူး။ မေတ္တာကရုဏာတရားရှိသူများဟာ သူတို့ဘယ်လောက် သဘောကောင်းလဲဆိုတာ မပြောဆိုတတ်ကြပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အပြုအမူလုပ်ဆောင်ချက်တွေက မဟုတ်ဘဲ စကားတွေကနေတဆင့် သင့်ကို ယုံကြည်လာအောင် ပြောဆိုနေတဲ့သူများဟာ တကယ်မလုပ်ဆောင်နိုင်ဘဲ ဘယ်အရာတွေမှာ ထူးချွန်နေကြောင်းကို အကာအကွယ်လုပ် ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။

၃။ လုပ်ငန်းကိစ္စကိုယ်ကျိုးရှာသူများ

သူတစ်ပါးရဲ့ အောင်မြင်မှုကန အခွင့်အရေးယူ ကိုယ်ကျိုးရှာတတ်လိုတဲ့ အကျင့်စရိုက်ရှိသူများ ဖြစ်ပါတယ်။

၄။ သဘာဝပတ်ဝန်းကျင်ကို လေးစားမှုမရှိသူများ

ကားမောင်းနေရင်း ကားပြတင်းမှန်မှတဆင့် အမှိုက်များပစ်ချတာမျိုး၊ တိရစ္ဆာန်လေးတွေကို အကိုင်အတွယ်ကြမ်းခြင်း၊ နှိပ်စက်တတ်တာတို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လက်လွတ်စပယ် ဂရုတစိုက်မရှိတာဟာလည်း ညံ့ဖျင်းတဲ့ အကျင့်စရိုက်ကို ပြသခြင်းဖြစ်ပါတယ်။

၅။ ယုံကြည်အောင် လိမ်ညာပြောဆိုတတ်သူများ

ဘာမှမဟုတ်တဲ့ အလိမ်အညာမျိုးကိုတောင် ဝန်မခံနိုင်သူမျိုးဖြစ်ပါတယ်။

၆။ မိမိထက်နိမ့်ပါးသူများအား ရိုင်းပျတတ်သူများ

မိမိကို ဝန်ဆောင်မှုပေးတဲ့ အရောင်းဝန်ထမ်း၊ စားပွဲထိုး၊ မိမိထံမှာ အလုပ်လုပ်ကိုင်သည့် ဝန်ထမ်း စတဲ့ မိမိထက်နိမ့်ပါးသူတွေကို ရိုင်းပျစွာ ဆက်ဆံတတ်သူတွေ ဖြစ်ပါတယ်။

၇။ ငါတကော ကောသူ (ငါမှငါဖြစ်နေသူ)

သူများအကြောင်းကို နည်းနည်းမှ ထည့်မစဉ်းစားဘဲ ကိုယ့်အကြောင်းတွေကိုသာ တွင်တွင်ပြောတတ်သူများ ဖြစ်ပါတယ်။

၈။ တစ်ပါးသူအခြေအနေအား အားကျလွန်းသောသူ

တစ်စုံတစ်ဦးနဲ့ ပတ်သက်၍ သင်က မေးမြန်းစုံစမ်းတဲ့အခါ ထိုသူတွေရဲ့ အလုပ်အကိုင်သည် မည်မျှကောင်းကြောင်း၊ ထိုသူတွေ အဘယ်မျှ ငွေကြေးကြွယ်ဝချမ်းသာကြောင်း စသဖြင့် တစ်ပါးသူအခြေအနေကို အားကျလွန်းတဲ့သူ ဖြစ်ပါတယ်။

၉။ ကိုယ်ကျင့်တရားကောင်းရန် မကြိုးပမ်းသူများ

လူတစ်ယောက်ဟာ အချိန်တိုင်းရာနှုန်းပြည့် မှန်ကန်သော အရာတွေကိုသာ လုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ကျင့်တရားကောင်းသူများဟာ မှန်ကန်တဲ့အရာတွေကိုသာ စဉ်းစားတွေးခေါ်တတ်ကြပြီး မမှန်ကန်ဘူးဆိုရင် ပြုပြင်ဖို့ ကြိုးစားတတ်ကြပါတယ်။

Ref : Knowledge : The 11 small signs that someone is not a moral person

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top