စစ်တပ်ထဲမှာ အန္တရာယ်များတဲ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ ကင်ဆူဟွန်း (Kim Soo Hyun)

kim.jpg

ကင်ဆူဟွန်းတစ်ယောက် စစ်မှုထမ်းဖို့ စစ်တပ်ထဲ ရောက်ကတည်းက သူ့ရဲ့နေ့စဉ် တာဝန်ဝတ္တရား နဲ့ ပတ်သက်ပြီး ဘာသတင်းမှ ထုတ်ပြန်ကြေညာတာမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့တာဝန်အသေးစိပ်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့နောက်မှာတော့ တော်တော်အန္တရာယ်များတဲ့ တာဝန်ထမ်းဆောင်နေရမှန်း သိခဲ့ရပါတယ်။ လက်ရှိမှာ ကင်ဆူဟွန်းက စစ်မဲ့ဇုန်မှာ စခန်းတည်ထားတဲ့ ရန်သူ့ကင်းထောက်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဒီစစ်မဲ့ဇုန်ကတောင်ကိုရီးယားရဲ့မြောက်ဘက်ဆုံးမှာ တည်ရှိတာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းပေါ်မှာတည်ရှိပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှုတွေ ကြာရှည်နေတာကြောင့် မြောက်ကိုရီးယားဘက်က ချုံခိုတိုက်ခိုက်လာမယ့် ရန်သူတွေကိုသတိထားစောင့်ကြည့်ဖို့အတွက် သူ့ရဲ့တပ်ရင်းနဲ့အတူ ကင်ဆူဟွန်းတစ်ယောက် ပုံမှန်ကင်းလှည့်နေရပါတယ်။ မြေမြှုပ်မိုင်းရှာဖွေရေးမှာလည်း ပါဝင်ဆောင်ရွက်ရပါတယ်။

ကင်ဆူဟွန်းကို ချစ်ကြတဲ့ပရိသတ်တွေအနေနဲ့ စိတ်အရမ်းပူစရာတော့ မလိုပါဘူး။ အကြောင်းရင်းကတော့ ကင်ဆူဟွန်းတစ်ယောက် စစ်တပ် အသိုင်းအဝန်းမှာ နေသားကျနေပြီဆိုတဲ့ သတင်းတွေကြောင့်ပါ။ စစ်တပ်အရာရှိကြီးတွေရဲ့ ပြောကြားချက်အရ ကင်ဆူဟွန်းက ရိုင်ဖယ်သေနတ်ပစ်ရာမှာ အရမ်းကျွမ်းကျင်ပြီး အခြေခံလေ့ကျင့်မှုမှာလည်း ကောင်းကောင်း ဆောင်ရွက်နိုင်တယ် လို့ သိရပါတယ်။

သူ့ထက် ၁၀ နှစ် အသက်ပိုကြီးတဲ့ စစ်သားတွေနဲ့ အတူတူ စစ်မှုထမ်းနေရပေမယ့် ကင်ဆူဟွန်းက အားလုံးနဲ့ ရင်းနှီးပြီး တပ်ရင်းဝင်တွေနဲ့ လည်း ခင်မင်မှုတွေတိုးနေပြီလို့သိရပါတယ်။

သူ့ရဲ့ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့အတွက်စစ်မှုထမ်းနေစဉ်အတောအတွင်း လာကမ်းလှမ်းတဲ့ အင်တာဗျူးတွေကိုလည်း ငြင်းခဲ့ပါတယ်။ ဒါကလည်း သူ့ရဲ့တပ်ရင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။

ပရိသတ်တွေ အားပေးတဲ့ မင်းသားကင်ဆူဟွန်းဟာ ၂၀၁၉ ၊ ဂျူလိုင် ၂၂ ရက်နေ့မှာ သူ့ရဲ့ စစ်မှုထမ်းကာလ ပြီးဆုံးမယ်လို့ ခန့်မှန်းရပါတယ်။

Ref: Koreaboo

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top