တစ်နေ့တာကို ပရိုတင်းဓာတ်မြင့်မားစွာ စားပေးသင့်တဲ့ လူအမျိုးအစား (၅) မျိုး

21-10-2020-yyl-011.jpg

ပရိုတင်းဓာတ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ပရိုတင်းဓာတ်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် အရေပြားအခြေအနေတွေ တိုးတက်ကောင်းမွန်အောင်လည်း ကူညီပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ ပရိုတင်းဓာတ်ကို တစ်နေ့တာစားသောက်ပေးဖို့လိုအပ်ပါတယ်။ ဘယ်လိုလူမျိုးတွေက ပရိုတင်းဓာတ်များများစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးလိုက်ရပါတယ်။

ကြွက်သားကျစ်လျစ်ဖို့ ကြိုးစားနေတဲ့သူ

ကြွက်သားကျစ်လျစ်တောင့်တင်းချင်တဲ့သူတွေအတွက် ပရိုတင်းဓာတ်များများစားပေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ တချို့လူတွေလည်း သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ရဲ့တစ်ရှုးတွေကို တည်ဆောက်ဖို့နဲ့ ပြန်လည်ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ မိုက်ခရိုအာဟာရဓာတ်ဖြစ်ပါတယ်။ Workout အရမ်းလုပ်ရတဲ့သူတွေက ကြွက်သားတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် ပရိုတင်းဓာတ်များများစားပေးဖို့ လိုပါတယ်။ ပရိုတင်းဓာတ်များများမစားပေးဘဲနဲ့ ကြွက်သားတွေကျစ်လျစ်လာဖို့ မဖြစ်နိုင်ပါဘူး။

လွယ်လွယ်နဲ့ ကိုယ်အလေးချိန်တက်နေတဲ့သူတွေ

တချို့လူတွေက တခြားလူတွေနဲ့ယှဉ်ရင် မြန်မြန်ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ အဲဒီလိုလူတွေအတွက် ပရိုတင်းဓာတ်ပမာဏကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ ပရိုတင်းဓာတ်က အချိန်တိုင်းဗိုက်ဆာနေတာကို ကာကွယ်ပေးပြီး ကြွက်သားဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ လူတစ်ယောက်ကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းတဲ့နေရာမှာ ပရိုတင်းဓာတ်က အကူအညီဖြစ်ပါလိမ့်မယ်။

အသက်အလယ်လတ်ပိုင်းလူတွေ

အသက် (၃၆) နှစ်ကနေ အသက် (၅၅) နှစ်ထိ လူတွေက သူတို့ရဲ့တစ်နေ့တာအစားအစာမှာ ပရိုတင်းဓာတ်လုံလုံလောက်လောက် ထည့်စားပေးသင့်ပါတယ်။ အခုအချိန်မှာ ပရိုတင်းဓာတ်ပိုရမယ်ဆိုရင် နောက်ပိုင်း အသက်ကြီးလာလို့ ကြုံတွေ့ရမယ့် ကြွက်သားဆုံးရှုံးမှုတွေကို ကာကွယ်ပေးရာရောက်ပါတယ်။ နောက်ပိုင်း အသက် (၅၀) ကျော် လူတွေကလည်း ကိုလက်စထရောများတဲ့၊ သွေးဖိအားများတဲ့ပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ရနိုင်တဲ့အစားအစာတွေကို ပိုပြီးစားပေးသင့်ပါတယ်။

သက်သတ်လွတ်သမားတွေ

သက်သတ်လွတ်စားနေတဲ့သူတွေက တစ်ခါတလေ သူတို့စားတဲ့အစားအစာတွေကနေ ပရိုတင်းဓာတ်လုံလုံလောက်လောက်မရကြပါဘူး။ ဒါက သူတို့တွေကို ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်စေပါတယ်။ ဒါကြောင့် သက်သတ်လွတ်သမားတွေက ပရိုတင်းဓာတ်လုံလုံလောက်လောက်ရအောင် စားပေးဖို့ လိုအပ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့်ဖြစ်တဲ့ Hypothyroidism ရောဂါခံစားနေရတဲ့သူတွေ
ပရိုတင်းဓာတ်များများစားသုံးပေးတာက ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့်ဖြစ်တဲ့ Hypothyroidism ရောဂါခံစားနေရတဲ့သူတွေအတွက် အရေးကြီးပါတယ်။ ဒီရောဂါက ကိုယ်အလေးချိန်အတက်မြန်ပြီး ကိုယ်အလေးချိန်ကျတာ နှေးစေပါတယ်။ ပရိုတင်းဓာတ်ပမာဏကို မြှင့်တင်ပေးတာက ဇီဝဖြစ်စဉ်အားကောင်းစေပြီး ကယ်လိုရီတွေလျော့နည်းသွားအောင် ကူညီပေးပါတယ်။

Ref: 5 types of people who should have a high-protein diet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top