သင်မသိသေးတဲ့ လိမ္မော်စေ့ရဲ့ အသုံးဝင်ပုံတွေ

6-7-2020-yyl-027.jpg

ဝယ်ရလွယ်ကူပြီး ဈေးချို၊ စားကောင်းတဲ့အသီးဖြစ်တာကြောင့် လိမ္မော်သီးဆို မကြိုက်တဲ့သူကခပ်ရှားရှားပါ။ နောက်ထပ် အလှအပနဲ့ပတ်သက်ပြီးတော့လည်း လိမ္မော်သီးက ေတော်တော်အစွမ်းထက်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

လိမ္မော်သီးနဲ့ပြုလုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကိုလည်း ဈေးကွက်မှာအလွယ်တကူပဲ ရှာဖွေနိုင်ပါတယ်။ အအေးဖျော်သောက်မလား၊ အလုံးလိုက်စားမလား၊ အချဉ်ပေါင်လုပ်စားမလား ပုံစံမျိုးစုံလုပ်စားနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့အားလုံကအသီးရဲ့အသားကို စားပြီးတဲ့အခါတိုင်း အစေ့ကို လွှင့်ပစ်လိုက်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် လိမ္မော်စေ့ကဘယ်လောက်အသုံးဝင်ပုံကို သိတဲ့သူကလည်းအတော်လေးရှားပါတယ်။ ဒါကြောင့်မို့လို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် သင်မသိသေးတဲ့ လိမ္မော်စေ့ရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ လိမ္မော်သီးလိုပဲ လိမ္မော်စေ့မှာလည်း အန်တီအောက်စီးဒန့်ဓာတ် (antioxidant) ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝေစပြီး လန်းဆန်းတက်ကြွအောင် ပြုလုပ်ပေးပါတယ်။ မနက်စောစော အန်တီအောက်စီးဒန့်ဓာတ်ပါဝင်တဲ့ အသီးတစ်မျိုးမျိုးကိုစားသုံးပေးခြင်းဖြင့် နေ့စဉ်ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

၂။ လိမ္မော်စေ့ကထုတ်ယူထားတဲ့ လိမ္မော်ဆီကိုတော့ အရသာဆီ၊ ကိတ်မုန့်အပေါ်ခရင်နဲ့ အခြားအစားအသောက်တွေမှာ လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ နောက်ထပ်၎င်းအမွှေးဆီကို သန့်စင်ခန်းအနံ့ကောင်းစေဖို့ဖြစ်ဖြစ်၊ အိမ်ခန်းတွင်းအနံ့သင်းစေဖို့ဖြစ်ဖြစ် ထားရှိအသုံးပြုပေးနိုင်ပါသေးတယ်။

၃။ လိမ္မော်စေ့ကိုစားသုံးပေးတာဟာ ခန္ဓာကိုယ်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ လိမ္မော်စေ့မှာ ပါလ်မတ်တစ် အက်ဆစ် (palmitic)၊ အိုလစ် အက်ဆစ် (Oleic)နဲ့ လင်အိုလစ် အက်ဆစ် (Linoleic) တို့ပါဝင်တာကြောင့် လိုအပ်တဲ့စွမ်းအင်တွေကို ခန္ဓာကိုယ်က ဆဲလ်တွေအတွင်းမှာ အချိန်ကြာမြင့်စွာ သိုလှောင်ပေးထားနိုင်ပါတယ်။

၄။ လိမ္မော်စေ့ဆီဟာ ဆံပင်ပျော့စေ့အနေနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ လိမ္မော်စေ့မှာ ဗီတာမင်စီ (Vitamin-C) နဲ့ ဘိုင်အို-ဖလေဗွန်လ်နွိုတ်စ် (Bio-flavonoids) အက်ဆစ်တို့ပါဝင်တာကြောင့် ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ အကျိုးဆက်အနေနဲ့ သင့်ရဲဆံသားကို သန်မာလာစေပါတယ်။ နောက်ထပ် လိမ္မော်စေ့မှာပါဝင်တဲ့ ဖိုးလစ် အက်ဆစ် (folic acid) က ဆံသားအရှည်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

၅။ နောက်ဆုံးအနေနဲ့ လိမ္မော်စေ့ဆီက သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လိမ္မော်စေ့ကရရှိတဲ့အဆီကို သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာ၊ စက်ပစ္စည်းတွေဆေးကြောတဲ့ နေရာမှာနဲ့ သတ္တုပစ္စည်းတွေ သန့်စင်တဲ့နေရာမှာတောင် အသုံးပြုနိုင်ပါတယ်။၎င်းရဲ့အဆီဟာလည်း လိမ္မော်သီးခွံလိုပဲ လတ်ဆတ်ပြီး ခပ်သင်းသင်းအနံ့ရှိပါတယ်။

Ref : newsrepublic “5 unknown benefits of orange seeds”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top