ထောင်သားတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်ပေးသွားမယ့် အကျဉ်းထောင်စနစ်

pp1.jpg

အင်္ဂလန်နဲ့ ဝေးလ်စ် နှစ်နိုင်ငံမှာ အကြီးမားဆုံးအကျဉ်းထောင်တစ်ခုဖြစ်တဲ့ ရက်ဆန် (Wrexham) မြို့က HMP Berwyn အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်အိပ်ရာနဲ့ထားရှိပေးသွားပြီး ကိုယ်ပိုင်သော့နဲ့ ကိုယ်ပိုင်လက်ပ်တော့တွေ ပေးအပ်ထားတဲ့ အခွင့်အရေးတွေနဲ့ အကျဉ်းထောင်စနစ်ကို စတင်ကျင့်သုံးလာပြီဖြစ်ပါတယ်။

ဒါဟာ ဥရောပမြောက်ပိုင်းက စကင်ဒီနေးဗီးယန်းနိုင်ငံတွေရဲ့ အကျဉ်းထောင်မူဝါဒအတိုင်း ကျင့်သုံးလာတာဖြစ်ပြီး အကျဉ်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတူ အနှောင့်အယှက်ကင်းကင်းနဲ့ တစ်ကိုယ်ရည်ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မှာဖြစ်ပြီး ကိုယ့်အခန်းနဲ့ကိုယ် စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်လည်း ရခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်အခန်းကိုယ် သော့ခတ်ထားခွင့်လည်းပေးထားပြီး ထောင်ဦးစီးတွေကအစ အကျဉ်းသားတွေရဲ့အခန်းထဲကိုမဝင်ခင် တံခါးခေါက်အသံပြုပြီးမှ ဝင်ရောက်ဖို့ရာ လေးစားသမှုဆက်ဆံရေးကိုပါ စီစဉ်ထားတာပါ။

အကျဉ်းကျအပြစ်ဒဏ်ခံယူနေရတဲ့ အကျဉ်းသားတွေဆိုပေမယ့် သာမန်လူတွေလို လွတ်လပ်စွာနေထိုင်ခွင့်ပေးပြီး ပုံမှန်လူနေမှုစနစ်နဲ့မခြားတဲ့ ပတ်ဝန်းကျင်ပုံစံတစ်ရပ်ကိုဖန်တီးပေးကာ သူတို့ဘဝကို ပြန်လည်ထူထောင်မြှင့်တင်ပေးသွားမယ့် ချဉ်းကပ်မှုမျိုးဖြစ်လို့ ဒာဟာ တကယ်ကိုကြိုဆိုစရာပါပဲ။

ထောင်သားတွေကို ထောင်သားတွေအဖြစ်မမြင်တော့ဘဲ သာမန်လူသားတွေအဖြစ် အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံသွားမယ့်ပုံစံဖြစ်လို့ ပြန်လည်ထူထောင်ရေးအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေလာမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ မရိုးဖြောင့်တဲ့အကျဉ်းသားတွေက တရားမဝင်ပစ္စည်းတွေ၊ ဥပဒေပ မူးယစ်ဆေးဝါး တွေ သိုဝှက်သိမ်းဆည်းထားနိုင်ဖို့ ဒာကို အခွင့်ကောင်းယူသွားတာလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

Ref: Dailymail “The prison that gives inmates the KEYS to their cells: …”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top