လူကြီးတွေကတောင် တအံ့တသြ ဖြစ်ရလောက်အောင် ဒရမ်တီးတဲ့ နေရာမှာ ပါရမီထုံတဲ့ အသက် (၅) နှစ်အရွယ်ကလေးလေး

29-6-2020-yyl-010.jpg

အခုခေတ်ကလေးတွေက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တော်တော်လေး ပါရမီထုံကြပါတယ်။ မူကြိုမတတ်ရသေးခင်မှာတောင် မိဘတွေက တစ်ခုခုသင်ပေးလိုက်တာနဲ့ တတ်လွယ်ကြတဲ့အပြင် သင်ယူလိုစိတ်လည်းရှိကြပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့က ကလေးလေးဆိုရင်လည်း အသက် (၁၈) လအရွယ်ကတည်းက တူရိယာဘက်မှာ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ဂျက်စတင် အယ်ဂျေ ဝစ်လ်ဆန် ဆိုတဲ့ အသက် (၅) နှစ်အရွယ် ကလေးလေးဖြစ်ပါတယ်။ သူဟာ ဒရမ်တီးတဲ့နေရာမှာ ပါရမီထုံတာကြောင့် လူသန်းချီကိုတောင် တအံ့တသြဖြစ်စေခဲ့ပါတယ်။ ဂျက်စတင်က သူ့အသက် ၁၈ လကတည်းက ဒရမ်စတီးခဲ့ပြီး အခုဆိုရင် သူ့မိဘတွေနဲ့အတူ ကိုယ်ပိုင်သံစဉ်ကိုတောင် တီးနိုင်နေပါပြီ။

ဂျက်စတင် ဒရမ်တီးတဲ့အခါမှာ သူ့အဖေက စန္နရားတီးပြီး သူ့အမေက mic ကိုင်ပေးပါတယ်။ “သားလေး ငယ်ငယ်ကတည်းက တီးတတ်ခဲ့တာပါ။ သူက စည်းချက်နဲ့ပတ်သက်ရင် ထူးခြားတဲ့အမြင်ရှိတယ်”လို့ ဂျက်စတင်ရဲ့ဖခင်က ဆိုပါတယ်။ ဂျက်စတင် ဒရမ်တီးတဲ့ဗီဒီယိုကို တွစ်တာမှာ မျှဝေခဲ့ရမှ ကြည့်ရှုသူ (၁၄) သန်းကျော်ရှိခဲ့ပါတယ်။ သူဟာ တီဗီအစီအစဉ်တွေမှာ တီးခတ်ဖျော်ဖြေခဲ့ဖူးတဲ့အပြင် Golden State Warrior game ပွဲမှာလည်း ဖျော်ဖြေခဲ့ဖူးပါတယ်။ “သားက အမြဲတမ်းပြုံးပန်ဆင်နေတတ်တာကြောင့် လူတွေက သူ့ကို ချစ်ကြပါတယ်။ သူကလည်း သူလုပ်နေရတဲ့အရာကို ချစ်မြတ်နိုးပါတယ်”လို့ ဂျက်စတင်ရဲ့အဖေက ပြောပါတယ်။

ဂျက်စတင်က “LJ’s World” ဆိုတဲ့ နာမည်နဲ့ အယ်လ်ဘမ်အပြင် သူ့ဖခင်နဲ့အတူ Drum Hub for Kid ဆိုတဲ့ အွန်လိုင်းပရောဂျက် အသစ်တစ်ခုလည်း လုပ်နေပါတယ်။ အဲဒီပရောဂျက်မှာ ဂျက်စတင်က ဒရမ် ဘယ်လိုတီးရလဲဆိုတာကို အခြားကလေးတွေကို သင်ကြားပေးရတာဖြစ်ပါတယ်။ “သူ့အသက် (၅) နှစ်အရွယ်မှာပဲ ဒရမ်သင်ခန်းစာတွေကို သင်ကြားပေးနေပြီး ဘယ်လိုအပျော်ရှာရမလဲဆိုတာ ကိုလည်းသိနေပါပြီ။ ကျွန်တော် ကလေးတွေကို ဘယ်လို inspire လုပ်ရမလဲဆိုတာနဲ့ ဂျက်စတင်ကို မြေတောင်မြှောက်ပေးဖို့အတွက် မိဘတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာကို လက်ဆင့်ကမ်းပေးမှာပါ”လို့ ဂျက်စတင်ရဲ့အဖေက ပြောပါတယ်။

ဂျက်စတင်က ဒရမ်မတီးတဲ့အချိန်တွေဆိုရင် ဒိုင်နိုဆောလို တိရစ္ဆာန်တွေအကြောင်း စာအုပ်တွေဖတ်ရတာ၊ ပန်းချီဆွဲရတာတွေကို ကြိုက်နှစ်သက်တယ်လို့ သူ့အဖေရဲ့ပြောစကားအရ သိရပါတယ်။

Ref: 5-year-old drummer has serious skills

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top