ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန် မြင့်တက်ရခြင်း အကြောင်းအရင်းများ

29-6-2020-yyl-014.jpg

လူ့ခန္ဓာကိုယ်က ကိုယ်တွင်းက ပြောင်းလဲမှုကိုရော ပြင်ပက ပြောင်းလဲမှုကိုပါ တုံ့ပြန်ပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာလည်း ပြင်ပက ပတ်ဝန်းကျင်အပူချိန်မြင့်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တွင်းက အပူချိန်မြင့် လာရင်ပဲဖြစ်ဖြစ် အပူချိန် တက်လာတတ်ပါတယ်။ ဖျားနေတာမဟုတ်ဘဲလည်း ကိုယ်အပူချိန် တက်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။

လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ဖြစ်ပြီး နေ့တစ်နေ့တာရဲ့ အပူချိန်​ကြောင့် ၀.၉ ဒီဂရီဖာရင်ဟိုက်လောက် ကွာခြားသွားတာမျိုး ရှိနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှ ကိုယ်အပူချိန်ကလည်း ကွာခြားနိုင်ပါတယ်။
ကိုယ်အပူချိန်အပေါ် သက်ရောက်နေတဲ့အရာတွေ

လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ နောက်တစ်ချက် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ပုံမှန်ထက် ကိုယ်အပူချိန်က မြင့်တက်နေနိုင်ပါသေးတယ်။ ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အထက် ဖြစ်နေမယ်ဆိုရင်တော့ အဖျား ရှိနေတာပါ။

ပတ်ဝန်းကျင် အပူချိန်
ကိုယ်လက်လှုပ်ရှားမှု
ပိုးဝင်ကူးစက်တာ
အဖျား ရှိတာ
သောက်သုံးနေရတဲ့ ဆေးဝါးတွေ
သိုင်းရွိုက်ပြဿနာ ရှိနေတာတွေကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တက်နိုင်ပါတယ်။

ခန္ဓာကိုယ် အပူချိန်ကို ဒီလိုလျှော့ချပါ

ဦးနှောက်ထဲက hypothalamus လို့ခေါ်တဲ့ လို့ခေါ်တဲ့ အစိတ်အပိုင်း တစ်ခုရှိပါတယ်။ ဒီ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို အမြဲမပြတ်စောင့်ကြည့်ပြီး ပုံမှန် ကိုယ်အပူချိန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

ခန္ဓာကိုယ် အပူချိန် မြင့်လာတဲ့အခါ ချွေးထွက်ပြီး ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အေးတဲ့အခါ အသားကို တဆတ်ဆတ်တုန်ယင်မှု ဖြစ်စေပြီး အနွေးဓာတ် ရရှိအောင် လုပ်ဆောင်ပေးပါတယ်။

ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန် မြင့်တက်နေတဲ့အခါမျိုးမှာ

ရေအေးအေး သောက်ပါ

ကိုယ်အပူချိန် မြင့်တက်နေတာကို သက်သာစေဖို့ဆိုရင် ရေ အေးအေးလေးသောက်ပါ။ ဒါမှမဟုတ် ရေနွေးကြမ်းကို အအေးခံ ထားတာမျိုးကို သောက်သုံးပေးပါ။ ဒါက ကိုယ်တွင်းအပူချိန်ကို လျှော့ချဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ရေကို ပုံမှန်သောက်ပေးတာက ခန္ဓာကိုယ် ရေဓာတ်ကို ဖြည့်ပေးရာရောက် သလို ကိုယ်အပူချိန် မြင့်တက်မှုကိုလည်း လျှော့ချပေးနိုင်မှာပါ။

လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ

ကိုယ်အပူချိန်မြင့်တက်နေတာကို သက်သာစေဖို့ဆိုရင် လေဝင်လေထွက်ကောင်းတဲ့နေရာမျာ ထိုင်နားတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်တွင်းက အပူတွေကို အထိရောက်ဆုံး လျှော့ချပေးနိုင်မှာပါ။

ရေအေးအေးနဲ့ ရေချိုးပါ

ကိုယ်အပူချိန် မြင့်တက်နေတဲ့အခါ ရေအေးအေးနဲ့ ရေချိုးချလိုက်တာ၊ ရေနွေးနွေးနဲ့ ရေချိုးတာက ကိုယ်အပူချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ ရေအေးဝတ် တိုက်ပေးတာကလည်း ကိုယ်အပူချိန်ကို လျော့ကျစေမယ့် အထိရောက်ဆုံးနည်းလမ်း တစ်ရပ်ပါ။

ရေခဲဝတ် ကပ်ပါ

ရေခဲဝတ် ကပ်တာကလည်း ကိုယ်အပူချိန်ကို လျှော့ချပေးနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ကိုယ်အပူချိန် မြင့်နေတဲ့အခါ လည်ပင်းဘေးနှစ်ဖက်၊ ချိုင်းအောက်နဲ့ ပေါင်ခြံစတဲ့နေရာတွေကို ရေခဲဝတ် ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်အပူချိန် ကျစေပြီး သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေမှာပါ။

လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့

လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က အပူချိန် ပိုထွက်ပါတယ်။ ရာသီဥတု ပူတဲ့အခါမျိုးမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ လှုပ်ရှားမှု များတာက ကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သိပ်ပူတဲ့အခါ လှုပ်လှုပ်ရှားရှား မလုပ်ဖို့ ဂရုပြုပါ။

ချောင်ချောင်ချိချိ အဝတ်အစားတွေ ဝတ်ပါ

အချို့သော အဝတ်အစားတွေက အပူတွေကို စုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု ပူတဲ့အခါ သဘာဝ ချည်မျှင်ကနေရတဲ့ ချည်သား၊ လီနင်သားစတာတွေကို ပွပွချောင်ချောင်လေး ဝတ်ဆင်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Ref : hellosayarwon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top