ယူကရိန်းမှာ ရုရှားတပ်ရဲ့ဗုံး ၉၀ ကျော်ကို အနံ့ခံကူညီရှာဖွေပေးခဲ့တဲ့ ခွေးလေး

27-4-2022-yyl-01.jpg

ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ရဲ့ဗုံးတွေကို ကူညီရှာဖွေပေးနေတဲ့သူတွေထဲမှာ အသက် ၂ နှစ်အရွယ် ပါထရွန် (Patron) ဆိုတဲ့ခွေးလေးတစ်ကောင်လည်း ပါဝင်ပါတယ်။ ပါထရွန်က ဂျက်ရပ်ဆဲတယ်ရီယာ (Jack Russell Terrier) ခွေးအမျိုးအစားဖြစ်ပြီး ပါထရွန်ဆိုတာက ယူကရိန်းလို “Ammo” လို့ အဓိပ္ပာယ်ရပါတယ်။ သူက ရုရှားတပ်ရဲ့ဗုံး ၉၀ ကျော်ကို အနံ့ခံရှာဖွေပေးခဲ့တာပါ။

ပါထရွန်ဟာ ယူကရိန်းနိုင်ငံအရေးပေါ်ဝန်ဆောင်မှုအဖွဲ့ရဲ့အဖွဲ့ဝင်ပါ။ လက်ရှိမှာတော့ သူက ယူကရိန်းမြောက်ပိုင်း ချာနီဟီဗ်မြို့အခြေစိုက်အဖွဲ့မှာ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်မူဝါဒ ဝန်ကြီးဌာနအောက်မှာရှိတဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် လုံခြုံရေးစင်တာက ပါထရွန်ရဲ့အလုပ်ကို ချီးကျူးဂုဏ်ပြုတယ်လို့ တွစ်တာမှာ တင်ခဲ့တာပါ။ ချာနီဟီဗ်မြို့မှာ SES ကယ်ဆယ်ရေးအဖွဲ့နဲ့ လုပ်ကိုင်နေတဲ့ ပါထရွန်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်က ကျူးကျော်စစ်စတင်ကတည်းက ဖောက်ခွဲရေးပစ္စည်း ၉၀ နီးပါးကို ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပါထရွန်ရဲ့အကြောင်းက ရုပ်ရှင်အနေနဲ့ ပြောင်းလဲသွားနိုင်ပေမဲ့ အခုတော့ သူ့ရဲ့တာဝန်တွေကို ကျေပွန်စွာ လုပ်ဆောင်နေပါတယ်။ ပါထရွန်ဟာ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှာဖွေအတွက် ဖုန်မှုန့်နဲ့ အပျက်အစီးတွေကြား ဖြတ်သွားရတာကြောင့် စစ်အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားတာကို မကြာခဏ မြင်တွေ့ရပါတယ်။

ပါထရွန်ဟာ အနီးနားပတ်ဝန်းကျင်က စစ်ပွအပျက်အစီးတွေရဲ့အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို သတိပေးဖို့အတွက် ကယ်ဆယ်ရေးနဲ့ပညာပေးလုပ်ငန်းတွေမှာ ဖောက်ခွဲရေးပစ္စည်းကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ထားတယ်လို့ အရေးပေါ်ဝန်ဆောင်မှုဌာနက ဆိုထားပါတယ်။

ဂျက်ရပ်ဆဲတယ်ရီယာခွေးအမျိုးအစားတွေက ကျပ်ညှပ်နေတဲ့နေရာတွေထဲ တိုးဝှေ့ဝင်နိုင်ပြီး သူတို့ရဲ့အမဲလိုက်နိုင်စွမ်းနဲ့ အရွယ်အစားသေးငယ်တာတွေကြောင့် အနံ့ခံခွေးတွေအဖြစ် ရွေးချယ်ခံရလေ့ရှိပါတယ်။

Ref: 9gag “Dog Helps Detect More Than 90 Russian Bombs In Ukraine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top