ဂြိုဟ်သားယာဉ်ဒီဇိုင်းမျိုးရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး ရုံတွင်းရေနေသတ္တဝါဥယျာဉ်

15.9.23-yyl-5.jpg

ကမ္ဘာတစ်ဝန်းက ရှားပါးရေနေသတ္တဝါတွေကို မြင်တွေ့ရတင်မကဘဲ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက ယာဉ်ဒီဇိုင်းမျိုး ပုံဖော်ထားတာကြောင့် တရုတ်နိုင်ငံရဲ့ ကျူးဟိုင်ချီမီလောင် ရေနေသတ္တဝါသိပ္ပံဥယျာဉ်က နာမည်ကျော်ကြားပါတယ်။

ကမ္ဘာတစ်ဝှမ်းက မျိုးစိတ်ပေါင်း ၃၀၀ ဝန်းကျင်ရှိပြီး ရေနေသတ္တဝါ အကောင်ရေ ၁ သိန်းကျော်ရှိတဲ့အပြင် ပုံသဏ္ဍာန်ခွဲခြားထားတဲ့ နေရာ ၁၀ ခုမှာ သဏ္ဍာကျောက်တန်း အမျိုးအစား ၁၀၀ လောက်ကို ပြသထားပါတယ်။ ဒါကြောင့်လည်း ကျူးဟိုင် ရေနေသတ္တဝါသိပ္ပံဥယျာဉ်ဟာ ကမ္ဘာ့အကြီးဆုံး ရုံတွင်း သိပ္ပံဥယျာဉ်လို့ သတ်မှတ်ထားကြတာပါ။

၁၀ နှစ်ကြာ အစီအစဉ် ရေးဆွဲပြီး ၅ နှစ်စီမံကိန်းနဲ့ ဆောက်လုပ်တဲ့ ကျူးဟိုင် ရေနေသတ္တဝါသိပ္ပံဥယျာဉ်ကို ၂၀၂၁ ခုနှစ်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဖွင့်လှစ်နိုင်ခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ကုန်ကျစရိတ်အများဆုံး ရေနေသတ္တဝါသိပ္ပံဥယျာဉ်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

မီတာ ၆၅၀ ရှည်လျားပြီး စတုရန်းမီတာ ၄ သိန်းနီးပါး ကျယ်ဝန်းပါတယ်။ တစ်ရက်ကို လာရောက်ကြည့်ရှုသူ ၅၀၀၀၀ အထိ ဝင်ဆံ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ရေနေပြခန်းနဲ့ ကမ္ဘာ့အကြီးဆုံး သက်ရှိသဏ္ဍာကန်တွေ အပါအဝင် စံချိန်အများအပြား တင်ထားနိုင်ပါတယ်။

Ref: The World’s Largest Indoor Marine Science Park Looks Like an Alien Mothership

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top