နိမ့်ပါးတဲ့အပူချိန်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ အဏုဇီဝပိုးမွှားများ တွေ့ရှိ

16.5.2023-yyl-14.jpg

အဲလ်ပ်တောင်တန်းကနေ တွေ့ရတဲ့ အဏုဇီဝပိုးမွှားတွေဟာ အပူချိန်နိမ့်နိမ့်လေးမှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ပလတ်စတစ်ပိုလီမာတွေကို ချေဖျက်နိုင်တဲ့ အဏုဇီဝပိုးမွှား အများအပြား ရှာဖွေတွေ့ရှိထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေမှာ တွေ့ရတဲ့ အင်ဇိုင်းတွေကို လေ့လာစမ်းသပ်လျက်ရှိပါတယ်။ ဒါပေမဲ့ ယခင်တွေ့ရှိထားတဲ့ အဏုဇီဝပိုးမွှားတွေဟာ မြင့်မားတဲ့ အပူချိန်မှာပဲ အလုပ်လုပ်နိုင်စွမ်းရှိတာကြောင့် ကုန်ကျစရိတ် များသလို ကာဗွန်ကင်းစင်မှုလည်း မရှိပါဘူး။

အခုအခါမှာတော့ အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယက်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ မှို ၂ မျိုးကို ဆွစ်ဇာလန်ပြည်ထောင်စုသိပ္ပံဌာနက တွေ့ရှိခဲ့ပါတယ်။ အဲဒီမှိုတွေဟာ polyester-polyurethane (PUR) ၊ polybutylene adipate terephthalate (PBAT) နဲ့ polylactic acid (PLA) တို့ကို ချေဖျက် စားသုံးနိင်တာ တွေ့ရှိရပါတယ်။

သုတေသီတွေက ဆက်လက်လေ့လာကြည့်တဲ့အခါ PUR ကို ချေဖျက်နိုင်တဲ့ မှို ၉ မျိုးနဲ့ ဘက်တီးရီးယား ၈ မျိုး၊ PBAT နဲ့ PLA အရောအစပ်ကို ချေဖျက်နိုင်တဲ့ မှို ၁၄ မျိုးနဲ့ ဘက်တီးရီးယား ၃ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။ PUR ဆိုတာ အထည်အလိပ်တွေမှာ အသုံးအများဆုံးဖြစ်ပြီး PBAT ကိုတော့ ထုပ်ပိုးမှုလုပ်ငန်းတွေ၊ PLA ကိုတော့ ဇီဝဆေးဝဆိုင်ရာတွေမှာ အသုံးပြုလေ့ရှိပါတယ်။

Ref: Microbes that Digest Plastic at Low Temps Are Discovered in the Alps and the Arctic

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top