ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညာလက်ရုံးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

101818993_mediaitem101818992.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညာလက်ရုံးဖြစ်သူဟာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာစေဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုနဲ့ တွေဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကင်ဂျုံအမ်ရဲ့ ညာလက်ရုံးဖြစ်သူ ဗိုလ်ချုပ် ကင်ယွန်ချိုလ်ဟာ တရုတ်နိုင်ငံက ပြန်လာပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေဆုံဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း မြောက်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးက အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်တာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇွန်လ ၁၂ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းဝေးကို ဖျက်သိမ်းခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ဖြစ်စေဖို့ ထပ်မံကြိုးပမ်းနေတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အမေရိကန် အစိုးရတာဝန်ရှိသူက လစ်ဗျားနိုင်ငံနဲ့ နှိုင်းယှဉ်ခဲ့မှုအတွက် မြောက်ကိုရီးယားနိုင်ငံက ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ အနောက်အုပ်စုက ကျောထောက်နောက်ခံလုပ်ထားတဲ့ သူပုန်အဖွဲ့ ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ လစ်ဗျားခေါင်းဆောင် ကဒါဖီကို သုတ်သင်လိုက်ပြီးတဲ့နောက် လစ်ဗျားဟာ နျူကလီးယား အစီစဉ်ကို စွန့်လွှတ်လိုက်ရတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ဖူးပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညာလက်ရုံးတို့ဟာ ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦကို သီခြားစီ လာရောက်ခဲ့ကာ ဆွေးနွေးခဲ့ပြီး နယူးယောက်မြို့မှာ ညစာအတူ စားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ အမေရိကန် အစိုးရတာ ဝန်ရှိသူတွေဟာ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထပ်မံတွေဆုံမှုတွေ ပြုလုပ်ရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: BBC “Key North Korea official meets Pompeo in New York”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top