Helsinki Airport မှာ ခရီးသည်တွေ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိကို ခွေးတွေနဲ့ အနံ့ခံစစ်ဆေး

25-9-2020-yyl-001.jpg

အခုနောက်ပိုင်း လူတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိကို အဲဒီလူရဲ့တို့ဖတ်နမူနာတွေကို ခွေးတွေက အနံ့ခြင်းဖြင့် စစ်ဆေးလာကြပါတယ်။ အခုလည်း ဖင်လန်နိုင်ငံက Helsinki-Vantaa လေဆိပ်ဟာ အခုအပတ်မှာ ခရီးသည်တွေရဲ့တို့ဖတ်နမူနာတွေကို အနံ့ခံစေခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို စစ်ဆေးဖို့ ခွေးတွေကို လေ့ကျင့်ပေးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ခွေးတွေ အနံ့ခံစစ်ဆေးတာက ထိရောက်မှုရှိမရှိကို သုတေသနလေ့လာချက်တွေမှာ သက်သေပြမထားတဲ့အတွက် ရောဂါပိုးအစမ်းသပ်ခံပေးမယ့် ခရီးသည်တွေနဲ့ ရောဂါပိုးသယ်ဆောင်လာတယ်လို့ သံသယရှိထားတဲ့ခရီးသည်တွေကို ရလဒ်အတည်ပြုပေးဖို့အတွက် တို့ဖတ်တွေကိုလည်း ယူဆောင်လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ခွေး (၁၅) ကောင်နဲ့ ထိန်းကျောင်းညွှန်ကြားပေးသူ (၁၀) ဦးအဖွဲ့ကို အလုပ်အတွက် စေတနာဝန်ထမ်းတွေက လေ့ကျင့်ပေးထားသလို ပုဂ္ဂလိကတိရစ္ဆာန်ဆေးကုခန်းတွေကလည်း စပွန်ဆာပေးထားပါတယ်။ ခွေး (၁၅) ကောင်ထဲမှာမှ စပိန်နိုင်ငံက ကယ်ဆယ်ရေးခွေးလေး ကိုဆီ (Kossi) ကတော့ ဖင်လန်နိုင်ငံမှာ အနံ့ခံခွေးအဖြစ် လေ့ကျင့်ပေးထားတဲ့အပြင် အရင်ကလည်း ကင်ဆာရောဂါကို စစ်ဆေးခဲ့ဖူးပါတယ်။

“ကျွန်တော်တို့ရဲ့သုတေသနပြုချက်မှာ မြင်တွေ့ရတဲ့အရာကတော့ ခွေးတွေဟာ လူနာတွေ ရောဂါလက္ခဏာပြမလာခင် (၅) ရက်မှာ ရောဂါပိုးကို ရှာတွေ့မှာပါ။ သူတို့တွေက အဲဒါနဲ့ပတ်သက်ပြီး အရမ်းတော်ပါတယ်။ (၁၀၀) ရာခိုင်နှုန်းလောက်ကို နီးစပ်ပါတယ်”လို့ ဗိုင်းရပ်စ်စစ်ဆေးတဲ့ခွေးတွေရဲ့ စွမ်းရည်ကို University of Helsinki က ပရောဖက်ဆာ အန်နာ ဟီလန် ဘီဂျော့မန်း (Anna Hielm Bjorkman) က ဆိုပါတယ်။ ခွေးတွေနဲ့ အနံ့ခံစစ်ဆေးမှုမှာ ခရီးသည်တစ်ယောက်က ခွေးတွေအနံ့ခံနိုင်ဖို့နဲ့ ရလဒ်ချက်ချင်းထွက်ဖို့အတွက် လည်ချောင်းကနေ ပိတ်စအကျဲနဲ့ တို့ဖတ်ကိုယူပြီး သံဗူးထဲထည့်ပေးရပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်လောက်ကလည်း United Arab Emirates က အာဏာပိုင်တွေကလည်း Dubai International Airport မှာ ရဲခွေးတွေကို အသုံးပြုပြီး အလားတူစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Ref: Reuters “Dogs used to detect coronavirus in pilot project at Helsinki airport”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top