ဝေလငါးပေါ်က ကြိုးကို ဖြေပေးစဉ် ဝေလငါးမှ အသာတကြည် လက်ခံခဲ့

wai-la1.gif

ပင်လယ်သမုဒ္ဒရာထဲမှာ ဧရာမ ဝေလငါးကြီး တစ်ကောင်ဟာ ငါးဖမ်းပိုက်ကွန်ရဲ့ ရစ်ထုံးမှုကို ခံရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။ဘယ်လောက်တောင် ကြာသလဲဆို ယင်း ပိုက်ကွန်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်းနဲ့တောင် စိမ့်ဝင်နေပြီ ဖြစ်ပါတယ်။

ဒါကို ပင်လယ်ထဲ ခရီးသွား ရေငုပ်တဲ့ ရေငုပ်သမားများ မြင်တွေ့ခဲ့ပြီး ယင်း ကြိုးကို ဖြတ်ပေးဖို့ ကြိုးစားပါတော့တယ်။ ထူးခြားချက်က ဝေလငါးဟာ ရုန်းကန်ခြင်း မရှိပဲ ရေငုပ်သမားရဲ့ လုပ်ဆောင်ချက်ကို အသာတကြည် လက်ခံခဲ့ပါတယ်။ ဝေလငါးအနေနဲ့ သူ့ကို လာရောက် ကူညီတယ်ဆိုတာကို သိရှိပြီးတော့ လက်ခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပတ်ထားတဲ့ ကြိုးကို ဖြတ်ပေးရာ စက္ကန့် ၃ဝပဲ ကြာမြင့်ခဲ့ပါတယ်။ ကြိုးမှာ ဝေလငါးရဲ့ အသားတွေတောင်ပါတဲ့အထိ ရစ်ပတ်တွယ်နေပါတယ်။

မက္ကဆီကို ကျွမ်းစွယ်ရဲ့ နဲ့ မိုင် ၂၀၀ အကွာအဝေး ပင်လယ်တွင်းမှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top