ဘော်လီဘောအသင်းသားတွေဆီက မထင်မှတ်ထားတဲ့ လက်ဆောင်ကို ရရှိလိုက်တဲ့ ဒိုင်လူကြီး

referee-car-gift-01-ht-jc-190524_hpMain_4x3_992.jpg

ဂျော်ဂျီယာ အနောက်မြောက်ပိုင်း ၊ ပေါလ်တင်း ကောင်တီစု Recreation ဌာနမှာ ဘော်လီဘော ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသူကတော့ အသက် (၇၆) နှစ် အရွယ် ဘတ်စ်စတာ (Buster ) ဆိုသူ စစ်မှုထမ်းဟောင်းကြီး ဖြစ်ပါတယ်။ တာဝန်ကျရာ ကျောင်းရှိရာကို နေ့စဉ်နေ့တိုင်း ကားနဲ့ သွားပေမဲ့ ကားပျက်သွားတဲ့အချိန်မှာတော့ ပြိုင်ပွဲတွေ မလစ်ဟင်းရလေအောင် ကားအငှားယူခဲ့ပါတယ်။

တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခုကို ဘော်လီဘော အသင်းသားတွေဆီက လက်ဆောင်ရလိုက်ပါတယ်။ Gym ကစားဖို့ အသွားလမ်းမှာ အသင်းသားတွေနဲ့ သူတို့ မိသားစုတွေကို စုံစုံလင်လင် တွေ့လိုက်ရလို့ ဘတ်စ်စတာ တစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်။

အသင်း (၁၀) သင်းက အသင်းသားတွေနဲ့ မိသားစုတွေ စုံညီစွာ ချီတက်လာပြီး ဘတ်စ်စတာကို ကားအသစ်တစ်စီး လက်ဆောင်ပေးကာ အံ့အားသင့်စေခဲ့ပါတယ်။ ကားကို လက်ခံရရှိချိန်မှာတော့ ဖော်ပြလို့မရနိုင်တဲ့ ဝမ်းသာမှုတွေနဲ့ အတူ ဘတ်စ်စတာတစ်ယောက် မျက်ရည်ကျခဲ့ရပါတယ်။

ဆယ့်သုံးနှစ်အရွယ် ကောင်မလေးရဲ့ မိခင်ကတော့ သမီးဖြစ်သူကို ဂရုတစိုက်စောင့်ရှောက်ပေးတဲ့ ဒိုင်လူကြီးကို ကျေးဇူးတင်သလို ဘတ်စ်စတာဆီမှာ ကားမရှိတော့တဲ့ အကြောင်းကို သိချိန်မှာတော့ အားလုံးစုပေါင်းပြီး ကားဝယ်ပေးဖို့ အလှူငွေ ကောက်ခံခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ကလေးတစ်ဦးရဲ့ဖခင်ကနေပြီး နည်းနည်းပါးပါး ပြုပြင်စရာလိုတဲ့ ကားတစ်စီးကို ဘတ်စ်စတာအတွက် ပေးခဲ့ပါတယ်။

ကားနဲ့အတူ ဒေါ်လာနှစ်ထောင်တန်လက်ဆောင်ကဒ်ကို အံ့အားသင့်စွာ မြင်ရချိန်မှာတော့ ဘတ်စ်စတာတစ်ယောက် ဝမ်းသာမျက်ရည်ကျခဲ့ရပြန်ပါတယ်။

Ref: abcnews “76-year-old volleyball referee bursts into tears as teams surprise him with car”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply