ခရီးတွေထွက်ရင်း သူ့အလုပ်ကို ကူညီပေးမယ့် လက်ထောက်တစ်ဦးကို ရှာဖွေနေတဲ့ မီလျံနာ

5.9.23-yyl-5.jpg

ဩစတြေးလျနိုင်ငံက မက်သရူး လီပရီဆိုတဲ့ မီလျံနာဟာ Ecom Warrior Academy ရဲ့တည်ထောင်သူတစ်ယောက်ဖြစ်ပြီး ဂျက်လေယာဉ်တစ်စီးနဲ့ ကမ္ဘာပတ်နေတဲ့သူပါ။ လီပရီရဲ့Ecom Warrior Academy က ကိုယ်ပိုင်အွန်လိုင်း Ecommerce စတိုးဆိုင်ကို ဘယ်လိုစတင်ရမလဲဆိုတာ သင်ကြားပေးနေတာပါ။

အခု သူဟာ ခရီးတွေသွားလာရာမှာ သူ့ရဲ့အလုပ်တွေကို ကူညီပေးမယ့် လက်ထောက် (ညာလက်ရုံး) တစ်ဦးရှာဖွေနေပါတယ်။ သူက “ကျွန်တော့်လုပ်ငန်းမှာ ကူညီဖို့ နောက်ထပ်အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတစ်ဦးကို ခေါ်ယူနေပါတယ်။ ကျွန်တော့်ခရီးသွားတာနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ ကျွန်တော့်ကို ကူညီပေးနိုင်မယ့် ညာလက်ရုံးကို ရှာဖွေနေတာပါ”တဲ့။

လက်ထောက်လုပ်ဖူးတဲ့အတွေ့အကြုံမရှိရင်လည်း စိတ်ပူစရာမလုပ်ပါဘူး။ ခရီးထွက်ရတာ နှစ်သက်ပြီး တရားဝင်နိုင်ငံကူးလက်မှတ်ရှိတဲ့သူတွေကိုလည်း အလုပ်လျှောက်ထားခွင့်ပြုထားပါတယ်။ လီပရီရဲ့လက်ထောက်ဖြစ်လာမယ့်သူက သူ့နဲ့ကမ္ဘာပတ်ရမယ့်အပြင် တစ်လကို လစာ ပေါင် ၃၀၅၀၀ နဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရရှိမှာပါ။ လီပရီရဲ့ အင်စတာဂရမ်Story အရ သူ့ရဲ့ကိုယ်ရေးလက်ထောက်က သူ့ရဲ့ကားတွေကိုလည်း မောင်းပေးရပါမယ်။ သူ့ရဲ့ Ecom Warrior Academy Website ကနေတဆင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း တစ်နှစ်ကို လစာ ပေါင် ၂၈၀၀၀ ရရှိမယ့် ကိုယ်ရေးလက်ထောက်တစ်ဦးကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။ အဲဒီတုန်းက လူ (၇၀၀၀၀) ဝန်းကျင် လျှောက်ထားခဲ့ပြီး ဖက်ရှင်ကျောင်းသူဟောင်းတစ်ဦးက အဲဒီအလုပ်ကို ရသွားခဲ့တာပါ။ အဲဒီနှစ်မှာပဲ အင်စတာဂရမ်မှာပုံတင်ဖို့ ခရီးထွက်တဲ့အခါတိုင်း သူ့ကို ဓာတ်ပုံရိုက်ပေးမယ့် ဓာတ်ပုံဆရာတစ်ဦးကိုလည်း လစာ ပေါင် ၂၈၀၀၀ နဲ့ ခေါ်ယူခဲ့ပါသေးတယ်။

ဆက်စပ်သတင်းဖတ်ရှုရန် – Personal Photographer တစ်ယောက် အလိုရှိနေတဲ့ သြစတြေးလျမီလျံနာ
https://yoyarlay.com/l7fq5wpj/

Ref: Millionaire is looking for an assistant to get paid while travelling the world with him

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top