တစ်ညတည်းခိုခ ၁၉ သိန်းကျပ်ကျော် ကျသင့်မယ့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်

12.6.23-yyl-4.jpg

ဝေးလ်နိုင်ငံ စနိုဒိုနီယာတောင်တန်းအောက်က မိုင်းတွင်းဟောင်းထဲမှာ တည်ရှိတဲ့ Deep Sleep ဟိုတယ်ဟာ ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ မြေအောက်အနက် ၁၃၇၅ ပေမှာ တည်ရှိတဲ့ Deep Sleep ဟိုတယ်ဟာ ၂ ယောက်ခန်း ၄ ခန်းပဲ ရှိပြီး အခန်းထဲမှာ နှစ်ယောက်အိပ် ခုတင်တစ်လုံး၊ ထမင်းစားခန်းနဲ့ ရေအိမ်ပဲ ပါဝင်ပါတယ်။

ဒါပေမဲ့ တစ်ညတည်းခိုခ ပေါင် ၅၅၀ ( မြန်မာငွေ ၁၉ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး ဟိုတယ်ကို ရောက်ဖို့ ခက်ခဲတဲ့ ခရီးစဉ်တစ်ခုကိုလည်း ဖြတ်သန်းရဦးမှာပါ။ တောင်တွေကို ဖြတ်ပြီး ၄၅ မိနစ်ကြာ ခရီးကြမ်းနှင်ရမှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သင်ပုန်းကျောက် မိုင်းတွင်းဟောင်းထဲ ဆင်းရမှာပါ။ မိုင်းတွင်းထဲရောက်တဲ့အခါ လှေကားဟောင်းတွေ၊ တံတားဟောင်းတွေ၊ ကြိုးတန်းတွေကို အသုံးပြုပြီး ဟိုတယ်ဆီရောက်ဖို့ တစ်နာရီ ဆက်သွားရမှာ ဖြစ်ပါတယ်။
Deep Sleep ဟိုတယ်ဟာ တစ်ပတ်မှာ စနေတစ်ရက်ပဲ ဖွင့်ပါတယ်။ ဟိုတယ်ထဲမှာတော့ တစ်နှစ်ပတ်လုံး အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယက်ပဲ ရှိပြီး ရေ၊ မီး၊ အင်တာနက် ရပါတယ်။

Ref: World’s Deepest Hotel Has You Sleeping 1,375 Feet Underground

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top