ပလတ်စတစ်အဖုံးတွေကို ပြန်လည်အသုံးချပြီး လိုအပ်ချက်ရှိတဲ့ ကလေးတွေအတွက် လက်အတုတွေ ဖန်တီးပေးခဲ့သူ

yyl-021-15.jpg

ရေသန့်ဘူးအဖုံး၊ အအေးဘူးအဖုံးတွေကို လွှင့်ပစ်ဖို့ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး စဉ်းစားလေ့မရှိပါဘူး။ အသုံးမဝင်ပါဘူးဆိုတဲ့ အတွေးနဲ့ လွှင့်ပစ်လိုက်တဲ့ ပလတ်စတစ်အဖုံးတွေက ဇီဝနည်းအရ ဆွေးမြေ့နိုင်ခြင်းမရှိလို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေပါတယ်။ ရှောင်တီယာကတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အကြံရခဲ့ပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ကင်းရှင်းစေချင်တဲ့ ရှောင်တီယာက ပလတ်စတစ်အဖုံးတွေကို လိုက်ကောက်ပြီး လိုအပ်ချက်ရှိတဲ့ ကလေးငယ်တွေအတွက် လက်အတုတွေ ထုတ်လုပ်ပေးခဲ့ပါတယ်။

ရှောင်တီယာနဲ့ Envision Hands အဖွဲ့ဟာ အမှိုက်ပုံထဲက ပလတ်စတစ်အဖုံးတွေကို လိုက်ကောက်ပြီး ဆေးကြောသန့်စင်ပါတယ်။ ပြီးရင် အဖုံးတွေကို ကြိတ်စက်နဲ့ ကြိတ်ပါတယ်။ ကြိတ်ထားတဲ့ ကော်တွေကို အရည်ဖျော်၊ ပုံစံခွက်ထဲထည့်ပြီး လက်အတုတွေ၊ လက်ချောင်းအတုတွေ လုပ်ပေးတာပါ။ ဆော့ဖ်ဝဲအသုံးပြုတဲ့ 3D Printing နည်းပညာနဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။

ကလေးတွေက စူပါဟီးရိုးတွေကို သဘောကျနှစ်သက်လေ့ရှိလို့ လက်အတုတွေ၊ လက်ချောင်းအတုတွေ လုပ်တဲ့အခါ ဘတ်မန်း၊ စူပါမန်း အစရှိတဲ့ စူပါဟီးရိုးတွေပုံစံ လုပ်ပေးလေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ရှောင်တီယာရဲ့အဖွဲ့က ပလတ်စတစ်အဖုံး ၅ သန်းကျော်ကို ပြန်အသုံးပြုပြီး လက်အတုတွေ ထုတ်လုပ်ခဲ့ပါတယ်။ Coca-Cola Foundation ကလည်း အကျိုးအမြတ်အဓိကမထားတဲ့ သူတို့အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေပါတယ်။

ဒီအကြောင်းအရာကို ဖတ်ရှုရချိန်မှာတော့ ရည်ရွယ်ချက်ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခုက သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ အနာဂတ်အတွက် ကောင်းကျိုးရှိစေတယ်ဆိုတဲ့ အတွေးအမြင်တစ်ခု ရရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top