V7+ နှင့် ဂိမ်းကစားကြည့်ခြင်း

v7plus_gm_large.jpg

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့နဲ့ နာမည်ကြီးနေတဲ့ Vivo V7+ ဟာ ဂိမ်းကစားသူတွေ အကြိုက်တွေ့တဲ့ game mode လည်း ပါဝင်တယ်လို့ သိရပါတယ်။

ယေဘုယျ ကြည့်မယ်ဆိုရင်တော့ V7+ ကို Selfie အသားပေး စမတ်ဖုန်းလို့ပဲ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် လူငယ်တွေအတွက် ဦးတည်ထုတ်လုပ်လေ့ရှိတဲ့ အစဉ်အလာအတိုင်း လူငယ်ကြိုက် ဂိမ်းကစားတဲ့အတွေ့အကြုံအတွက်လည်း ကောင်းကောင်း ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။

V7+ ဟာ 4 GB RAM, Processor Qualcomm Octa-core SNAPDRAGON 450 ကို အသုံးပြုထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဂိမ်းကစားရတာ ထင်သလောက် ကောင်းမွန်ချောမွေ့ပါ့မလားလို့ တွေးစရာရှိပါတယ်။ ဒီအတွက် စမ်းသပ်မှု တစ်ခုကို လုပ်ကြည့်လိုက်တော့ အဖြေတစ်ခုထွက်လာပါတယ်။

ဂိမ်းမကစားခင်မှာ V7+ ရဲ့ အပူချိန်ကို တိုင်းတာကြည့်တဲ့အခါ fingerprint ဝန်းကျင် နောက်ကျော အပူချိန်က 32˚C နဲ့ အရှေ့ဘက် ဖန်သားပြင် အပူချိန်က 32˚C ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ asphalt 8 airborne ကို Round ၂ ခုလောက် ကစားလိုက်ပါတယ်။ ပြီးတော့ အပူချိန်ကို ပြန်တိုင်းတဲ့အခါ ကျောဘက်အပူချိန်က 37˚C အထိ တက်သွားပါတယ်။ ဖန်သားပြင် အပူချိန်ကတော့ 36.8˚C ဝန်းကျင် ဖြစ်ပါတယ်။

ဒုတိယ အကြိမ်အဖြစ် modern combat 5 ကို ဆက်ကစားကြည့်ပါတယ်။ ဒီဂိမ်းကိုလည်း Round ၂ ခုလောက် ကစားပါတယ်။ ပြီးတဲ့အချိန် အပူချိန်ကို တိုင်းလိုက်တော့ နောက်ကျောဘက်အပူချိန်က 39˚C နဲ့ အရှေ့ဘက် ဖန်သားပြင် အပူချိန်က 38˚C ဖြစ်သွားပါတယ်။ အပူချိန် မြင့်တက်သွားတယ်ဆိုပေမယ့် ရုပ်ထွက်ပိုင်းမှာ အနည်းငယ် လိုအပ်ချက် ရှိတယ်လို့ ထင်ရပေမယ့် ဂိမ်းကစားရတာကတော့ ကောင်းမွန်နေတုန်းပါပဲ။

တတိယမြောက်အဖြစ် N.O.V.A 3 ကို ဆက်ပြီးကစားကြည့်ပါတယ်။ ပြီးတော့ အပူချိန်ကို ထပ်ပြီး တိုင်းကြည့်တဲ့အခါ နောက်ကျောဘက် အပူချိန်က 38˚C နဲ့ အရှေ့ဘက် ဖန်သားပြင် အပူချိန်က 38˚C ဖြစ်နေတာကို တွေ့ရပါတယ်။ ဂိမ်း ၃ မျိုးကို နာရီဝက်လောက် ကစားပြီးချိန်မှာ အပူချိန်က 38˚C ဝန်းကျင်မှာပဲ ရှိနေတဲ့အတွက် V7+ အနေနဲ့ လွန်ကဲတဲ့ အပူချိန်မြင့်တက်မှုမျိုး ဖြစ်တယ်လို့ ပြောလို့မရပါဘူး။

ဂိမ်းသမားတွေ နောက်ထပ် နှစ်သက်မယ့် feature ကတော့ Game Mode ပါပဲ။ အင်တာနက်ကို အသုံးပြုပြီး ဂိမ်းကစားနေချိန်မှာ စာတိုဝင်လာတာမျိုးတွေ၊ ဖုန်းဝင်လာတာမျိုးတွေက ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။ ဒါပေမယ့် V7+ ရဲ့ Game Mode ကတော့ ဂိမ်းကစားတာကို အနှောင့်အယှက်ကင်းကင်းနဲ့ ကစားနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဖုန်းဝင်လာလို့ အင်တာနက်လိုင်း ပြတ်တောက်သွားတာမျိုး မဖြစ်တော့ဘဲ၊ reject လုပ်နိုင်တာကတော့ စိတ်ကျေနပ်စရာပါ။ နောက်တစ်ချက်က V7+ ရဲ့ 18:9 FullViewTM Display က (သမရိုးကျ 16:9 မျက်နှာပြင်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်) မြင်ကွင်းအကျယ် 12.5% ပိုမိုနေတဲ့အတွက် ဂိမ်းကစားရာမှာ တကယ်ကိုပဲ ကောင်းမွန်တဲ့ ခံစားချက်ကို ခံစားရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top