ဥရောပတွင် အသက်၅၀နှင့်အထက် လူကြီးများ HIVပိုး ပိုမိုကူးစက် ကြောင်းတွေ့ရှိ

hiv_large.jpg

လေ့လာချက် တစ်ခုအရ ဥရောပမှာ အသက်၅၀နှင့် အထက်လူကြီး တွေဟာ HIV ပိုးကူးစက် ပိုမိုကူးစက်ခံရ ကြောင်းတွေ့ရှိခဲ့ပါတယ်။ ပိုးကူးစက်မှုဟာ ဆေးမှတ်တမ်း တွေအရ ၂၀၀၄ကနေ ၂၀၁၅အထိ ၁၁နှစ်အတွင်း ဒီအသက် အပိုင်းအခြားမှာ ၂.၁ရာခိုင်နှုန်း နှစ်စဉ် တိုးတက်လျက် ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅ မှာတော့ ၁၇.၃ ရာခိုင်နှုန်း အထိတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် လိင်ကျန်းမာရေးအသိပညာပေးတဲ့လုပ်ငန်းတွေကို လူငယ်တွေကောလူကြီးတွေပါ အဓိကထားလုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ ရောဂါပြန့်ပွားမှုနှုန်းဟာ ပုံမှန်တိုးတက်နေတာတွေ့ရတယ်လို့ ဥရောပရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက သိပ္ပံပညာရှင် လာရာတာဗိုချီ(Lara Tavochi )ကပြောကြားခဲ့ပါတယ်။ အဓိကအားဖြင့် လိင်ဆက်ဆံခြင်းကနေ အများဆုံးကူးစက်နေတာကိုတွေ့ရပါတယ်။ လူကြီးပိုင်းကြားမှာ ကိုယ်တိုင်နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဥရောပနိုင်ငံပေါင်း၃၁နိုင်ငံရဲ့စစ်တမ်းတွေအရ အသက်၁၅နှစ်နှင့်အထက်မှာ HIV ပိုးကိုတွေ့ရှိခဲ့ရပါတယ်။ ဂျာမနီ၊ အိုင်ယာလန် နဲ့ ဘယ်လ်ဂျီယန် စတဲ့ နိုင်ငံပေါင်း၁၆နိုင်ငံမှာတော့ အသက်၅၀နှင့်အထက်လူတွေမှာ ပိုအဖြစ်များတာကိုတွေ့ရပါတယ်။ အက်စတိုနီးယား၊ လက်ဗီးယားနဲ့ မယ်လ်တာ စတဲ့နိုင်ငံတွေမှာတော့ အသက် ၁၅နှစ်မှ ၄၉နှစ် အတွင်းလူတွေမှာ ပြန့်ပွားနှုန်းမြင့်တက်နေတာတွေ့ရပါတယ်။ UK နဲ့နော်ဝေး စတဲ့မြို့ကြီးတွေမှာလည်း ၃.၆ရာခိုင်နှုန်းတိုးတက်နေပါတယ်။အသက်ကြီးပိုင်းလူကြီးတွေကို အဓိကထားခြင်းဖြင့် အောင်မြင်တဲ့ရလဒ်တစ်ခု ရနိုင်တယ်လို့ တာဗိုချီက ပြောပါတယ်။

အင်္ဂလန်မှာတော့ အမျိုးသားခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်ရေးအစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ဥပမာအားဖြင့် ဒေသန္တရလှုပ်ရှားမှုတွေနဲ့ လူမှုရေးဈေးကွက် တွေသုံးပြီး It starts with me လို့ခေါ်တဲ့ programတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ့မှာ လူတွေကို လိင်ပိုင်းဆိုင်ရာပညာပေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ ရောဂါပြန့်ပွားမှုဟာ လူငယ်တွေထက် လူကြီးတွေမှာ ပိုပြီးပြန့်ပွားနေပြီး အမျိုးသမီးတွေကြားမှာလည်း လူငယ်တွေထက်လူကြီးတွေမှာ ပိုတိုးလာပါတယ်။အခုလိုအသက် ၅ဝနဲ့အထက်လူတွေဆီမှာ ရောဂါပြန့်ပွားနေတဲ့ဖြစ်စဉ်တွေမှာဆိုရင် ကူးစက်ခံရတဲ့လူအများစုဟာ အကြောင်းအရင်းမသိဘဲ ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဥရောပရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ ရဲ့ဖော်ပြချက်အရ CD4 လို့ခေါ်တဲ့ ဆဲလ်တွေကို HIVပိုးဟာ ဖျက်ဆီးပစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းကျော်သောလူတွေဟာ ဒီဆဲလ်တွေနည်းပါးမှုကြောင့် ကူးစက်ခံနေရတာဖြစ်ပြီး ၄၇ရာခိုင်နှုန်းဟာ ရောဂါပိုးကိုနောက်ကျမှ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရ ရောဂါကူးစက်ခံနေရတဲ့ လူတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ ဆေးစစ်ဖို့အချိန်ဆွဲနေကြပါတယ်။

HIV ပိုးရှိနေတာမသိဘဲနေမိတဲ့သူတွေဟာ နောက်ထပ်လူတွေကိုလည်း မသိဘဲနဲ့ ကူးစက်စေနိုင်ပါတယ်။နောက်ထပ်တွေ့ရှိချက်တွေအရ HIV ပိုးရှိနေတဲ့လူကြီးအချို့ကြားမှာ နိမ့်ကျတဲ့လူနေမှုနဲ့ အသိပညာနည်းပါးမှုကြောင့်ဆိုတာ တွေ့ခဲ့ရပါတယ်။ “ဒီတွေ့ရှိချက်တွေအရ HIVပိုးကူးစက်ခြင်းဟာ မရပ်တန့်သွားပါဘူး။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းဟာ ကမ္ဘာရဲ့မည့်သည့်နေရာမဆို မည်သည့်အသက်အပိုင်းအခြားကိုမဆိုဖြစ်နိုင်နေလို့ပါ။”လို့ နိုင်ငံတကာAIDSအဖွဲ့အစည်းရဲ့ဥက္ကဌဖြစ်တဲ့ လင်ဒါဂယ်လ်ဘတ်ကာLinda Gail Bekker ကပြောပါတယ်။

ဒီစစ်တမ်းတွေအရ ရင်းမြစ်တွေနဲ့အင်အားတွေသွားဖို့လိုအပ်နေတဲ့ နေရာတွေကို အခုချိန်မှာ အဓိကထားပြီးသွားဖို့လိုအပ်နေပါတယ်။ ကမ္ဘာလူဦးရေရဲ့ ၃၆သန်းကျော်သောလူတွေဟာ ဒီရောဂါဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။အသက်၅ဝနဲ့အထက်လူတွေဆီမှာ လူတစ်သန်းမှာ၃ယောက်ခန့်ဟာ ရောဂါကူးစက်ခံနေရပါတယ်။။ ” ဒီလို လူကြီးတွေမှာ HIV ရောဂါအဖြစ်များလာတဲ့ ကိစ္စကို လူထုကျန်းမာရေးဌာနတွေက သိပ် အလေးအနက်မထားကြပါဘူး။ ဒါ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး”လို့ ပါမောက္ခ ဂျေးနပ်စီးလေ(Janet Seeley)ကပြောကြားခဲ့ပါတယ်။

Ref: CNN: Rise in HIV diagnoses among people 50 over 50 in Europe

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top