ရင်သားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှားများ

stock-breast-pain-cause_1200x628.jpg

ရင်သားဆိုတာ အထိခိုက်လွယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပေမဲ့ သေချာဂရုစိုက်ဖို့ လျစ်လျူရှုမိကြပါတယ်။ မိန်းကလေးအများစုဟာ ရင်သားတွေကို ပုံမှန်ဂရုစိုက်ပြီး စစ်ဆေးကြည့်ဖို့ မဝံ့မရဲဖြစ်မိကြတာပါ။ ရင်သားကို ဂရုစိုက်ဖို့ မရှက်ပါနဲ့။ အထူးဂရုစိုက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

မိန်းကလေးတွေက ရင်သားနဲ့ဆက်စပ်တဲ့ရောဂါတွေကို ရှောင်ရှားဖို့အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ရမှာဖြစ်ပါတယ်။ မိန်းကလေးတော်တော်များများက ရင်သားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထအမှားတွေကို လုပ်မိကြပါတယ်။ အဲဒီအမှားတွေက ဘာတွေလဲဆိုရင်

ဘရာစီယာအရွယ်အစားမမှန်တာကို ဝတ်ဆင်ခြင်း

ဘရာစီယာအရွယ်အစားမမှန်တာကို ဝတ်ဆင်မယ်ဆိုရင် သင့်ကို သက်တောင့်သက်သာမရှိစေတဲ့အပြင် ရင်သားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ချောင်ချိနေတဲ့ ဘရာစီယာကို ဝတ်ဆင်တာက ရင်သားကို လျော့ရိလျော့ရဲဖြစ်လာစေနိုင်ပါတယ်။ ကျပ်လွန်းတဲ့ဘရာစီယာကလည်း သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လည်ပင်း၊ ကျောနဲ့ ပခုံးနာကျင်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

ရင်သားက အမွေးအမှင်တွေကို ရိတ်ခြင်း

Physical Activity and Health ဂျာနယ်က ထုတ်ဝေထားတဲ့ လေ့လာချက်အရ နို့သီးတစ်ဝိုက်က အမွေးအမှင်တွေကို အမွေးရိတ်စက်အသုံးပြုပြီး ရိတ်တာက ရောဂါကူးစက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဘယ်နည်းလမ်းနဲ့မဆို အဲဒီအမွေးတွေကို ဖယ်ရှားပစ်တာက ရင်သားကို နီမြန်းရောင်ရမ်းနိုင်ချေနဲ့ ရောဂါပိုးဝင်ရောက်နိုင်ချေများလာစေပါတယ်။

နို့သီးထိပ်မှာ အပေါက်ဖောက်ခြင်း

University of Lawaရဲ့လေ့လာချက်အရ နို့သီးထိပ်မှာ အ‌ပေါက်ဖောက်တာက ကလေးအတွက် နို့ရည်ထုတ်ပေးတဲ့ ပြွန်ကို ပျက်စီးစေနိုင်ပြီး ရောဂါပိုးဝင်ရောက်လာကာ ရင်သားကို ပြည်တည်တာတွေဖြစ်လာစေနိုင်ပါတယ်။

ဆေးလိပ်နဲ့ ကဖင်းဓာတ်ပမာဏအများကြီးသောက်သုံးခြင်း

ဆေးလိပ်သောက်တာ အဆုတ်နဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်မတို့တွေအားလုံးသိကြပါတယ်။ တကယ်တော့ ရင်သားကင်ဆာနဲ့ ရင်သာားတင်းရင်းနာကျင်မှုတွေလို ရင်သားနဲ့ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဘရာစီယာမဝတ်ခြင်း

တခါတလေ ဘရာစီယာမဝတ်တာက ကောင်းပေမဲ့ ပြေးတာလို လှုပ်လှုပ်ရှားရှားလုပ်ရတဲ့လေ့ကျင့်ခန်းမျိုး၊ လှုပ်ရှားပြီးလုပ်ရတဲ့အလုပ်မျိုးတွေလုပ်တဲ့အခါ ဘရာစီယာကို ဝတ်ထားသင့်ပါတယ်။ ရင်သားကို လုံလောက်တဲ့တွန်းကန်ပေးမှုမရှိဘူးဆိုရင် ပြင်းထန်တဲ့နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိတာတွေဖြစ်လာနိုင်ပါတယ်။

Ref: 6 common mistakes that can hurt your breast health
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top